တောင်ကိုရီးယား အဖျော်ယမကာ ဝယ်ယူရောင်းချ မူဝါဒ ပြောင်းလဲ

 

တောင်ကိုရီးယားနိုင်ငံ စီးပွားရေးနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ယမကာရောင်းချသူများသည် ဝီစကီ၊ ဆာကေး၊ မာကောလီနှင့် ဆိုဂျူးကဲ့သို့သော အရက်သေစာကို ပုလင်းလိုက်သာ ရောင်းချရမည်ဟု ပြဋ္ဌာန်းထားသည့် စည်းကမ်းချက်ကို ဖျက်သိမ်းလိုက်ပြီ ဖြစ်သည်။ ပုလင်းဖွင့်ပြီး တပုလင်းထက် နည်းသောပမာဏဖြင့် ရောင်းချရန် ခွင့်ပြုထားသော ပြန်လည်ပြင်ဆင်သည့် ဥပဒေမူကြမ်း အင်္ဂါနေ့ (မေ ၂၈) တွင် စတင်အသက်ဝင်ခဲ့သည်။


ယခင်က ဘီယာနှင့် ကော့တေးတို့မှအပ ယမကာကို ပုလင်းလိုက် မရောင်းချလျှင် လိုင်စင် ရုပ်သိမ်းမည်ဟု ပြဋ္ဌာန်းထားခဲ့သည်။ သို့သော် စည်းကမ်း ဖောက်ဖျက်သည်ကို ထိထိရောက်ရောက် အရေးယူခြင်း မရှိပါ။ 


စားသောက်ဆိုင်နှင့် အရက်ဆိုင်ပိုင်ရှင်များသည် အရက် လုံးဝမပါသော သို့မဟုတ် အနည်းအကျဉ်း (၁ ရာခိုင်နှုန်းအောက်) ပါဝင်သော အဖျော်ယမကာများကို စူပါမားကတ်များမှသာ ဝယ်ယူရမည်ဟု ပြဋ္ဌာန်းထားသည်ကိုလည်း ပယ်ဖျက်လိုက်သည်။ စူပါမားကက်များသည် လက်လီအရောင်း ဖြစ်သဖြင့် ယေဘုယျအားဖြင့် လက်ကားဈေးနှုန်းထက် ဈေးပိုမြင့်သည်။ ယခုအခါ လက်ကား ရောင်းချသူများထံမှ လက်ကားဈေးနှုန်းများဖြင့် တိုက်ရိုက် ဝယ်ယူနိုင်ပြီ ဖြစ်သည်။

Source koreatimes 

#RestaurantIndustryGuide 

Comments

Popular posts from this blog

အဲဒီအလုပ်တွေက ပြန်ရောက်မလာတော့ဘူး

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင်

Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးအပ်လျက်ရှိတဲ့ Samsung Week ပရိုမိုးရှင်းကြီး