ထိုင်းဆန်လေလံ ကော်မတီဖွဲ့
၁၀ နှစ် သက်တမ်းရှိ ဆန်တန်ချိန် ၂၅,၀၀၀ လေလံတင်ရောင်းချမှုကို ကြီးကြပ်ရန် ကော်မတီတစ်ရပ် ဖွဲ့စည်းထားကြောင်း ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Phumtham Wechayachai က ပြောကြားသည်။
ယခင်တင်ပြချက်
အဆိုပါ ကော်မတီတွင် အများပိုင် သိုလှောင်ရုံ အဖွဲ့အစည်း၊ တောင်သူလယ်သမားများအတွက် စျေးကွက်ရှာဖွေရေးအဖွဲ့၊ ပြည်တွင်းကုန်သွယ်မှုဌာန၊ နိုင်ငံခြားကုန်သွယ်မှုဌာနနှင့် ထိုင်းကုန်သည်ကြီးများအသင်းတို့မှ ကိုယ်စားလှယ်များ ပါဝင်သည်ဟု ၎င်းက ပြောကြားသည်။
ကော်မတီသည် ဆန်လေလံအတွက် ရည်ညွှန်းသတ်မှတ်ချက်များ terms of reference(TOR) ကို ရေးဆွဲမည်ဖြစ်ကာ TOR သည် ယခုလကုန်တွင် အပြီးသတ်နိုင်မည်ဟု မျှော်လင့်ထားကြောင်း ၎င်းက ဆိုသည်။
ကော်မတီကို အာဏာကုန် လွှဲအပ်ထားပြီး ဖြစ်သဖြင့် အမျိုးသား ဆန်စပါး မူဝါဒနှင့် စီမံခန့်ခွဲရေး ကော်မတီ National Rice Policy and Management Committee (NRPMC) ထံ TOR ကို တင်ပြရန် မလိုအပ်ကြောင်း ၎င်းက ပြောသည်။
လေလံပွဲကို လာမည့်လအစောပိုင်း သို့မဟုတ် ဇွန်လကုန်ထက် နောက်မကျစေဘဲ ကျင်းပရန် မျှော်လင့်ထားကြောင်း ၎င်းက ဆိုသည်။
"လေလံဆွဲသူတွေကို ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့အညီ ဆန်အရည်အသွေး စစ်ဆေးခွင့်ပြုမယ်"ဟု Mr Phumtham က ပြောသည်။
"ဆန်တွေကို အာဖရိကသို့ တင်ပို့ဖို့ မျှော်လင့်ထားပါတယ်။ လေလံပွဲက ဈေးကောင်းရလိမ့်မယ်လို့ မျှော်လင့်ပါတယ်၊"ဟု ၎င်းက ပြောသည်။
ရောင်းချခြင်းမှရရှိသောငွေများကို နိုင်ငံတော်ဘဏ္ဍာသို့ ပြန်လည်ပေးအပ်မည်ဖြစ်သည်။
Source Bangkokpost
#FoodIndustryGuide
Comments
Post a Comment