၁၀ နှစ်ကြာဆန် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန တွေ့ဆုံ ရှင်းလင်းမည်

 သက်တမ်း ၁၀ နှစ်ကြာမြင့်ပြီ ဖြစ်သဖြင့် အရည်အသွေးအပေါ် မေးခွန်းထုတ်စရာ ဖြစ်နေသည့် လက်ကျန်ဆန် တန်ချိန် ၁၅၀၀၀ ကို အာဖရိကသို့ တင်ပို့ ရောင်းချမည်ဟု ဒုတိယဝန်ကြီးချုပ်နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Phumtham Wechayachai က ပြောကြားခဲ့ပြီးနောက် အာဖရိကနိုင်ငံများမှ သံတမန်များက ၎င်းဆန်ကိစ္စ မေးမြန်းလာကြသဖြင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက တွေ့ဆုံပြီး ရှင်းလင်း ဖြေကြားမည် ဖြစ်သည်။


ယခင်တင်ပြချက်

https://t.me/Guid4U/18897



(၂)

Public Warehouse Organisation (PWO) အဆိုအရ ဆန်ဟောင်းများကို Kittichai သိုလှောင်ရုံတွင် ၁၁,၆၅၆ တန်နှင့် Phoonpol Trading သိုလှောင်ရုံတွင် ၃,၃၅၆ တန် ထားရှိသည်။

PWO သည် terms of reference TOR ကို ထုတ်ပြန်ပေးပြီး ၂ ရက်အကြာတွင် လေလံဝင်ပြိုင်ရန် အလားအလာရှိသူများနှင့် တွေ့ဆုံပြီး အသေးစိတ် ရှင်းလင်းတင်ပြမည်။

ပါဝင်လိုသူက အရည်အသွေး စစ်ဆေးခံရန် ဇွန်လ ၁၀ ရက်တွင် လျှောက်လွှာတင်ရမည်။ ပါဝင်ခွင့်ရသူစာရင်းကို ဇွန်လ ၁၃ ရက်တွင် ထုတ်ပြန်မည်။ လေလံပွဲကို ဇွန်လ ၁၇ ရက်တွင် ကျင်းပမည်။

Source Bangkokpost 

#FoodIndustryGuide 

Comments

Popular posts from this blog

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင်

Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးအပ်လျက်ရှိတဲ့ Samsung Week ပရိုမိုးရှင်းကြီး

2026 graduate Global Korea Scholarship (GKS) အတွက် လျှောက်လွှာလမ်းညွှန်ချက်များ