ထိုင်ဝမ်သို့ ဝက်သားကင် ယူဆောင်လာသဖြင့် ဒဏ်ရိုက်

 

အင်ဒိုနီးရှားအမျိုးသားတစ်ဦးသည် လေယာဉ်ပေါ်မှာ ကျွေးမွေးသည့် ဝက်သားကင်ပါရှိသော အစားအစာကို ယူဆောင်လာသည့်အတွက် ဒဏ်ငွေ ထိုင်ဝမ်ဒေါ်လာသစ် ၂၀၀,၀၀၀ ကို မပေးဆောင်နိုင်သဖြင့် ထိုင်ဝမ်မှ ပြည်နှင်ဒဏ်ပေးခဲ့သည်။


ဟောင်ကောင်မှ ထိုင်ဝမ်သို့ ဧပြီ ၃၀ ရက်က ရောက်ရှိလာသည့် အဆိုပါ အမျိုးသားအား ထိုင်ဝမ် တိရစ္ဆာန်နှင့် အပင်ငယ် ကျန်းမာရေး စစ်ဆေးရေးဌာနခွဲမှ ကုန်စည်တင်သွင်းခြင်းဆိုင်ရာ စည်းမျဥ်းစည်းကမ်းများကို ချိုးဖောက်မှုဖြင့် ဖမ်းဆီးခဲ့သည်။ ထို့နောက် လူဝင်မှုကြီးကြပ်ရေးဌာနသို့ လွှဲပြောင်းခဲ့ပြီးနောက် ဒဏ်ကြေးမဆောင်နိုင်သဖြင့် ပြည်နှင်ဒဏ်ပေးခဲ့သည်။


နောင်တွင် အကယ်၍ သူသည် ထိုင်ဝမ်သို့ လာရောက်ပါက ၎င်းဒဏ်ကြေးအကြွေးကျန်ကို ပေးဆောင်ပြီးမှသာ ဝင်ရောက်ခွင့်ရမည် ဖြစ်သည်။


အကောက်ခွန်ခွေးတစ်ကောင်သည် ၎င်းသယ်ဆောင်လာသော ခရီးဆောင်အိတ်အတွင်းမှ အစားအစာများကို အနံ့သိရှိပြီးနောက် တာဝန်ကျနေသူများအား အသိပေးခဲ့သည်။


(၂)

လေယာဉ်များနှင့် အပျော်စီးသင်္ဘောများမှ အစားအစာများကို နိုင်ငံခြားထွက်ကုန်များအဖြစ် သတ်မှတ်ထားပြီး ခရီးသွားများအား ၎င်းအစားအစာများကို ထိုင်ဝမ်သို့ သယ်ဆောင်ခွင့် မရှိချေ။

လူဝင်မှုကြီးကြပ်ရေးကောင်တာ မဝင်ခင် တားမြစ်ထားသည့် ပစ္စည်းကို လွှင့်ပစ်ခဲ့လျှင်ပြစ်ဒဏ် မပေးပါ။ 

ကုန်းမြေနေ တိရစ္ဆာန်များမှ ထုတ်လုပ်သော အသားထွက်ပစ္စည်း အများစုသည် ယူဆောင်လာကြောင်း ကြေညာရန် လိုအပ်ပြီး ကွာရင်တိုင်း စစ်ဆေးမှု ခံယူရမည်။


အဆိုပါ ထုတ်ကုန်များကို ကြေညာရန် ပျက်ကွက်သော ခရီးသွားသည် ထိုင်ဝမ်ဒေါ်လာသစ် ၁ သောင်းမှ ၁ သန်းကြား ဒဏ်ရိုက်ခံရနိုင်သည်။

ပထမအကြိမ် ပြစ်မှုကျူးလွန်သူသည် ဒဏ်ကြေးငွေ ထိုင်ဝမ်ဒေါ်လာသစ် ၂၀၀,၀၀၀ ဒဏ်ရိုက်ခံရမည်ဖြစ်ပြီး ဒဏ်ကြေးမဆောင်ပါက ပြည်နှင်ဒဏ်ခံရမည်ဖြစ်သည်။


အထူးသဖြင့် ဝက်သားသည် အာဖရိက ဝက်တုပ်ကွေးနှင့် အခြားရောဂါများ မဖြစ်ပွားစေနိုင်သည်။အာဖရိက ဝက်တုပ်ကွေး ကူးစက်ခံထားရသော ဒေသများမှ ဝက်သားထွက်ကုန်များအားလုံးကိုလည်း တားမြစ်ပိတ်ပင်ထားသည်။

#TravelerGuide 

Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်