အိန္ဒိယဟင်းခတ်အမွှေးအကြိုင်များ ထုတ်လုပ်သည့် MDH နှင့် Everest

 (၁)

အိန္ဒိယဟင်းခတ်အမွှေးအကြိုင်များ ထုတ်လုပ်သည့် MDH နှင့် Everest တို့သည် ကမ္ဘာ့နေရာအနှံ့ မီးဖိုချောင်များတွင် သုံးစွဲနေကြပြီး အသား၊ ငါး၊ ဟင်းသီးဟင်းရွက် ဟင်းလျာများတွင် မပါမဖြစ် ထည့်သုံးကြသည်။


ဟောင်ကောင်တွင် ၎င်းထုတ်လုပ်သည့် မဆလာတွင် ကင်ဆာဖြစ်ပွားနိုင်သည့် ပိုးသတ်ဆေး ပါဝင်နေကြောင်း တွေ့ရှိခဲ့ပြီးနောက် စင်ကာပူ၊ အမေရိကန်၊ မော်လ်ဒိုက်၊ အိန္ဒိယနှင့် သြစတြေးလျတို့တွင်လည်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြသည်။


ကုမ္ပဏီနှစ်ခုစလုံးက ၎င်းတို့၏ ထုတ်ကုန်များသည် ဘေးကင်းသည်ဟု ဆိုကြသည်။


ယခင်တင်ပြချက်

https://t.me/Guid4U/18072


(၂)

MAHASHIAN DI HATTI ကို MDH ဟု လူသိများသည်။

• နယူးဒေလီအခြေစိုက် MDH သည် ၁၉၁၉ ခုနှစ်တွင် စတင်ခဲ့ပြီး မိသားစုလုပ်ငန်းတစ်ခုအဖြစ် စတင်ခဲ့သည်။

• စက်ဘီး လက်ကိုင်ဘားပုံသဏ္ဌာန် နှုတ်ခမ်းမွေးနှင့် ဦးပေါင်းထုပ်နီနီဖြင့် တည်ထောင်သူ Dharampal Gulati ပုံပါသော ကြော်ငြာများနှင့် ထုပ်ပိုးပစ္စည်းတို့ ရေပန်းစားသည်။

• Gulati ကို "ဟင်းခတ်အမွှေးအကြိုင်ဘုရင်"ဟု ခေါ်ဝေါ်ကြသည်။ ၂၀၂၀ ပြည့်နှစ်တွင် Gulati ကွယ်လွန်ခဲ့သည်။

• MDH ၏ ဝဘ်ဆိုဒ်တွင် ထုတ်ကုန် ၆၂ ခု ရှိသည်ဟု ဆိုသည်။ အမှုန့်ကြိတ်ပြီးသား ဟင်းခတ်အမွှေးအကြိုင်များ ရောင်းချသည်။ ဆယ်စုနှစ်များအတွင်း သုတေသနပြုပြီးနောက် ဖန်တီးထားသည့် ဟင်းခတ်အမွှေးအကြိုင်များဟု ဆိုသည်။

• MDH တွင် စက်ရုံ ၅ ရုံ ရှိသည်။

• ၎င်း၏ ထုတ်ကုန်များကို အိန္ဒိယတွငမသာမက သြစတြေးလျ၊ အမေရိကန်၊ ဥရောပ၊ ကနေဒါနှင့် ဗြိတိန်၊ မြန်မာ အပါအဝင် ပြည်ပစျေးကွက်များတွင် လက်လီအရောင်းကိုယ်စားလှယ် ၄ သိန်းကျော် ကွန်ရက်မှတဆင့် ရောင်းချသည်။

• MDH ၏ ၂၀၂၂-၂၃ အတွက် ၀င်ငွေမှာ ကန်ဒေါ်လာ သန်း ၂၆၀ ဖြစ်ပါသည်။


(၃)

• Everest Food Products သည် ထုတ်ကုန်သုံးမျိုးဖြင့် ၁၉၆၇ ခုနှစ်တွင် စတင်ခဲ့သည်။

• တည်ထောင်သူ Vadilal Bhai Shah သည် ၂၀၀ စတုရန်းပေ ကျယ်ဝန်းသော ဟင်းခတ်အမွှေးအကြိုင်ဆိုင်ငယ်တစ်ခုဖြင့် လုပ်ငန်းကို စတင်ခဲ့သည်။

• ယခုအခါ Everest သည် ထုတ်ကုန် ၅၂ ခုဖြင့် မြောက်အမေရိက၊ ဥရောပ၊ အရှေ့အလယ်ပိုင်း၊ အာရှပစိဖိတ်နှင့် အာဖရိကတို့ရှိ နိုင်ငံပေါင်း ၈၀ ဝန်းကျင်တွင် ဖြန့်ဖြူးရောင်းချလျက် ရှိသည်။

• အိမ်ထောင်စုပေါင်း သန်း ၂၀ ခန့်သည် Everest ထုတ်ကုန်များကို နေ့စဉ်အသုံးပြုကြပြီး နှစ်စဉ် အထုပ်အရေအတွက် စုစုပေါင်း ၃.၇ ဘီလီယံ ရောင်းချလျက်ရှိကြောင်း ၎င်း၏ ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

• အိန္ဒိယနိုင်ငံရှိ မြို့ကြီးမြို့ငယ် ၁,၀၀၀ တွင် ဆိုင်ခွဲပေါင်း ၆၂၀,၀၀၀ ခန့်သည် Everest ထုတ်ကုန်များကို ရောင်းချကြသည်။င

• Everest ၏ ၂၀၂၂-၂၃ ရောင်းအားမှာ ကန်ဒေါ်လာ ၃၆၅ သန်း ဖြစ်ပါသည်။


Source Reuters 

#FoodIndustryGuide 

 

Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်