ဇွန်လအထိ လစဉ် ဆန် ၁၀ ကီလိုဂရမ် ဖြန့်ဝေပေးမည်ဟု ဂျိုကိုဝီ ပြောကြား

အင်ဒိုနီးရှားသည် ပြည်ပမှ ဆန်များကို နိုင်ငံတော် ထောက်ပံ့ပို့ဆောင်ရေး အေဂျင်စီ State Logistics Agency(Bulog) မှ တင်သွင်းထားသည့် ပမာဏသည် နိုင်ငံတော် လိုအပ်ချက် စုစုပေါင်း၏ ၅%အောက်သာ ရှိကြောင်း သမ္မတ ဂျိုကိုဝီဒိုဒို (ဂျိုကိုဝီ) က ပြောကြားသည်။

၎င်း၅% သည် ဗီယက်နမ်၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် ပါကစ္စတန်တို့မှ ဖြစ်သည်ဟု ၎င်းက ပြောကြားသည်။


ဆန်တန်ချိန် စုစုပေါင်း ၃.၆ သန်း တင်သွင်းရန် လျာထားပြီး မေလဆန်းအထိ ဆန်တန်ချိန် ၁.၃ သန်း တင်သွင်းခဲ့ပြီးပြီဖြစ်သည်။

တနှစ်တာ ဆန်လိုအပ်ချက်မှာ တန်ချိန် ၃၁.၂ သန်းဖြစ်သဖြင့် တင်သွင်းထားသည့် ပမာဏသည် ၄.၁% သာ ရှိသည်။


စားသုံးသူများ အဆင့်တွင် တည်ငြိမ်သော စျေးနှုန်းကို ထိန်းသိမ်းထားရန် ဆန်တင်သွင်းမှုများကို လုပ်ဆောင်ရကြောင်း ဂျိုကိုဝီက ရှင်းပြသည်။

"အင်ဒိုနီးရှားနိုင်ငံသား သန်း ၂၈၀ အတွက် ဆန်လိုအပ်ချက်ကို ဖြည့်ဆည်းရတာ မလွယ်ကူပါဘူး" ဟု ၎င်းက ပြောကြားသည်။


အကျိုးခံစားခွင့်ရှိသော မိသားစုများသို့ လစဉ် ဆန် ၁၀ ကီလိုဂရမ် ထောက်ပံ့ဖြန့်ဝေခြင်းကို ဇွန်လအထိ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ဒီဇင်ဘာအထိ သက်တမ်းတိုးဖွယ်ရှိပြီး နိုင်ငံတော် ဘတ်ဂျက် ရနိုင်မှုအပေါ် မူတည်ကြောင်း ၎င်းက ပြောကြားသည်။


တဘက်၌ လယ်သမားများ၏ သက်သာချောင်ချိရေးအတွက် စပါး ဈေးကောင်း ရဖို့ လိုအပ်ပြီး အခြားတဘက်၌ စားသုံးသူများအတွက် ဆန်ဈေးနှုန်းသက်သာဖို့ လိုအပ်သဖြင့် အင်ဒိုနီးရှားတွင် ဆန်ဈေး ထိန်းထားရန်မှာ စိန်ခေါ်မှုဖြစ်သည်ဟု ၎င်းက ပြောကြားသည်။



Source tempo

#FoodIndustryGuide 

Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်