ဘင်္ဂလားဒေ့ရှ်တွင် အိန္ဒိယကြက်သွန်နီ ဈေးမြင့်နေ
အိန္ဒိယအစိုးရသည် ပြည်တွင်း ကြက်သွန်နီပြတ်လပ်မှု ကင်းဝေစေရေးနှင့် ဈေးနှုန်းမြင့်တက်မှုကို ထိန်းရန် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၇ ရက်တွင် ကြက်သွန်တင်ပို့မှု တားမြစ်ခဲ့သည်။ ၎င်းတားမြစ်ချက်ကို မေလ ၄ ရက်က ရုပ်သိမ်းခဲ့ပြီး ကြက်သွန်တင်ပို့မှုအပေါ် ပို့ကုန်ခွန် ၄၀% စည်းကြပ်ပါသည်။
အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်သည် အိန္ဒိယကြက်သွန်နီများကို နယ်စပ်ကုန်သွယ်ရေးဖြင့် ပြန်လည်တင်သွင်းခဲ့ရာ မေလ ၁၄ ရက်တွင် Dinajpur ရှိ ကုန်တွင်းဆိပ်ကမ်း Hili တွင် အိန္ဒိယကြက်သွန်နီများ တင်ဆောင်လာသည့် ထရပ်ကားတစီး စတင်ဆိုက်ရောက်ခဲ့သည်။
တန် ၃၀ တင်သွင်းရာ၌ ပထမတစီး ၅ တန် ရောက်ရှိလာသည်။ ပို့ကုန်ခွန် ၄၀% ကြောင့် အိန္ဒိယကြက်သွန်နီ ၅ တန် တင်သွင်းရန် တာကာ ၅.၄၅ သိန်း ပေးချေရသည်။ ဘင်္ဂလားဒေ့ရှ်တွင် သွင်းကုန်ခွန် တာကာ ၂ သိန်း ပေးဆောင်ရသည်။ သို့ဖြစ်ရာ တကီလိုလျှင် တာကာ ၆၅-၇၀ ပေါက်ဈေး ဖြစ်ပေါ်သည်။ ပြည်တွင်း ကြက်သွန်နီပေါက်ဈေးထက် ဈေးမြင့်နေသဖြင့် တင်သွင်းသူ နည်းပါးပါသည်။
ကုန်တွင်းဆိပ်ကမ်း Hili တွင် တင်သွင်းသူ ၂၀ တို့က စုစုပေါင်း သွင်းကုန်ပါမစ် ၂၇,၀၀၀ တန် ရရှိထားသည်။
Source dhakhatribune
#FoodIndustryGuide
Comments
Post a Comment