ဖိလစ်ပိုင်နိုင်ငံ သကြား မက်ထရစ်တန် ၂ သိန်း တင်သွင်းရန် လိုအပ်

 ဖိလစ်ပိုင်နိုင်ငံ နီဂရော့စ်ပြည်နယ်တွင် အယ်လ်နီညိုကြောင့် ကြံစိုက်ခင်းများ ဆိုးရွားစွာ ပျက်စီးနေသဖြင့် သကြားပြတ်လပ်မှုမှ ကာကွယ်ရန်အတွက် ဖိလစ်ပိုင်နိုင်ငံသည် သကြား မက်ထရစ်တန် ၂ သိန်း တင်သွင်းရန် လိုအပ်သည်ဟု ယူနိုက်တက် သကြား ထုတ်လုပ်သူများ အဖွဲ့ချုပ် United Sugar Producers Federation (UNIFED) ဥက္ကဋ္ဌ Manuel Lamata က ပြောကြားသည်။

နီဂရော့စ်မှ သကြားအထွက် ၃၀% လျော့ကျမည်ဟု ခန့်မှန်းထားသည်။

လယ်သမားများ ကြံပြန်စိုက်ရန် လိုအပ်သောကြောင့် သကြားစက်များ လည်ပတ်ဖို့ နှောင့်နှေးမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

သကြားစက်များ မလည်ပတ်နိုင်ခင်ကာလတွင် သကြားပြတ်လပ်မှု ဖြစ်ပေါ်မည်ဖြစ်သည်။ သို့ဖြစ်ရာ ပြတ်လပ်မှုကို ကာကွယ်ရန်၊ သကြား မက်ထရစ်တန် ၁၈၅,၀၀၀ မှ ၂၀၀,၀၀၀ အထိ တင်သွင်းရန် လိုအပ်မည်ဟု ၎င်းက ဆိုသည်။ 


UNIFED  သည် မိုးအတု ရွာစေရန် cloud seeding လုပ်ရာတွင် အသုံးပြုနိုင်သည့် ကိုယ်ပိုင်လေယာဉ်ကို ဝယ်ယူရန် ပြည်နယ်အစိုးရအား တောင်းဆိုခဲ့သည်။


ပြည်နယ်ရဲ့ ဝင်ငွေက ကြံစိုက်ပျိုးရေးကနေ ရလာတဲ့အတွက် ပြည်နယ်မှာ cloud seeding အတွက် လေယာဉ် ထားရှိဖို့ ပြင်ဆင်သင့်တယ်” ဟု ၎င်းက ပြောကြားသည်။

Source Philstar

#GoldIndustryGuide 


Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်