စင်ကာပူအခြေစိုက် Huber's Butchery ဓာတ်ခွဲခန်းထုတ် အသားများ လက်လီ စတင်ရောင်းချ
စင်ကာပူအခြေစိုက် Huber's Butchery သည် ဓာတ်ခွဲခန်းထုတ် အသားများ၊ တိရစ္ဆာန်ဆဲလ်မွေးမြူခြင်းမှ ရရှိသော အသားများကို ကမ္ဘာတစ်ဝှမ်းတွင် ပထမဆုံးလက်လီရောင်းချသူ ဖြစ်လာခဲ့သည်။
၎င်းအသားများကို အမေရိကန်အခြေစိုက် အစားအသောက်နည်းပညာကုမ္ပဏီ Eat Just လက်အောက်ရှိ Good Meat နှင့် သီးသန့်ပူးပေါင်းဆောင်ရွက်မှုဖြင့် ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။
အသားအများစုကို အပင်ငယ်ပရိုတင်းဖြင့် ပြုလုပ်ထားသောကြောင့် ၎င်းသည် ကမ္ဘာတစ်ဝှမ်းတွင် ရောင်းချလျက်ရှိသည့် အပင်ငယ်အခြေခံ အသားများနှင့် ဆင်တူသည်။
Good Meat 3 ဟုခေါ်သော ကြက်သားတွင် တိရစ္ဆာန်ဆဲလ် ၃ ရာခိုင်နှုန်းသာ ပါဝင်ပါသည်။
ပါဝင်သည့် တိရစ္ဆာန်ဆဲလ် အရေအတွက် နည်းပါးသော်လည်း စမ်းသပ်မှုအတွင်း အသား၏ အရသာ၊ အသွင်အပြင်နှင့် အမြင်ကောင်းခြင်းတို့အပေါ် စားသုံးသူတို့ထံမှ အပြုသဘောဆောင်သော တုံ့ပြန်ချက် ရရှိခဲ့သည်ဟု Good Meat က ဆိုသည်။
ဓာတ်ခွဲခန်းထုတ် အသားသည် ၁၃၀ ဂရမ် အေးခဲကြက်သားတစ်တုံးအတွက် US$ 5.34 ရှိပြီး စင်ကာပူဈေးကွက်ရှိ သာမန်အသား ဈေးနှုန်းထက် သိသိသာသာ ပိုများနေသည်။ မြင့်မားသောစျေးနှုန်းကြောင့် ဓာတ်ခွဲခန်းထုတ် အသား ဝယ်ယူစားသုံးရန် စားသုံးသူတို့ကို လက်တွန့်စေသည်။
Source techasia
#FoodIndustryGuide
Comments
Post a Comment