ရေကြောင်းဖြင့် သိုးအရှင် တင်ပို့မှု ဩစတေးလျ ပိတ်ပင်မည်
သြစတေးလျသည် ၂၀၂၈ ခုနှစ် မေလမှ စတင်၍ ပင်လယ်ရေကြောင်းမှ သိုးအရှင်များ တင်ပို့မှုကို တားမြစ်မည်ဖြစ်ပြီး အဆိုပါ ဆုံးဖြတ်ချက်ကြောင့် ထိခိုက်နစ်နာသူများကို ကူညီမည်ဖြစ်ကြောင်း ဩစတေးလျနိုင်ငံ စိုက်ပျိုးရေးဝန်ကြီး Murray Watt က ပြောကြားသည်။
သက်ရောက်မှုရှိသော စီးပွားရေးလုပ်ငန်းများကို ကူညီရန်အတွက် ဩဇီဒေါ်လာ ၁၀၇ သန်း (ကန်ဒေါ်လာ ၇၀.၇ သန်း) အစိုးရက ပံ့ပိုးပေးမည်။
မပိတ်ပင်ခင်ကာလတလျှောက် အများဆုံး ခွင့်ပြုကောင်ရေ သတ်မှတ်ကန့်သတ်ခြင်း၊ ခွဲတမ်း သတ်မှတ်ခြင်း စသည်တို့ ပြဋ္ဌာန်းမည် မဟုတ်ကြောင်း ၎င်းက ပြောကြားသည်။
သိုးမှအပ အခြား မွေးမြူရေး တိရစ္ဆာန်များ တင်ပို့ခြင်း၊ သိုးများကို လေကြောင်းဖြင့် တင်ပို့ခြင်းတို့ ဆက်လက် လုပ်ဆောင်နိုင်သည်။
ဩစတေးလျတွင် သိုးအရှင် တင်ပို့သည့် ကုန်သွယ်ရေးသည် လျော့ကျလျက်ရှိသည်။
လွန်ခဲ့သည့်နှစ်ပေါင်း ၂၀ က ပင်လယ်ရေကြောင်းမှ တနှစ်လျှင် သိုးကောင်ရေ ၅ ဒသမ ၉၂ သန်း တင်ပို့ခဲ့ပြီး ၂၀၂၂-၂၃ တွင် သိုးအကောင်ရေ ၆၅၂၀၀၀ ခန့်သာ တင်ပို့ခဲ့သည်။
National Farmers’ Federation က အချိန် ၄ နှစ်သာ ပေးထားသည့်အတွက် သိုးခြံများ ဒုက္ခရောက်ကြမည် ဖြစ်သဖြင့် ကန့်ကွက် ဆန့်ကျင်သွားမည်ဟု ပြောကြားသည်။
Source gcaptain
#FoodIndustryGuide
Comments
Post a Comment