ဗီယက်နမ်ဆန် ကမ္ဘာ့ဈေးအမြင့်ဆုံးမှ ဆဌမနေရာသို့ လျော့ကျ

 ကမ္ဘာ့ဈေးကွက်တွင် အမြင့်ဆုံးဖြစ်ခဲ့သည့် ဗီယက်နမ် ပို့ကုန်ဆန် ဈေးနှုန်းသည် ယခုအခါ အဆင့်ခြောက်နေရာသို့ ကျဆင်းသွားခဲ့သည်။


၅% ဆန်ကွဲပါ ဗီယက်နမ်ဆန် မေလ ၃၀ ရက်တွင် တတန် US$574 ဖြင့် အရောင်းအဝယ် ဈေးတည့်ခဲ့သည်။ 

ဗီယက်နမ် စားသောက်ကုန်အသင်း အဆိုအရ အမေရိကန်၊ ထိုင်း၊ ပါကစ္စတန်၊ မြန်မာနှင့် အိန္ဒိယတို့ထက် နိမ့်ကျနေသည်။

ဗီယက်နမ် ဆန်ဈေးသည် ဒီဇင်ဘာတွင် သမိုင်းဝင် အထွတ်အထိပ်မှ ၁၃.၅ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

ယခုအခါ ဗီယက်နမ်ဆန်သည် ပြိုင်ဘက် ထိုင်းထက် ၇.၄% ဈေးနိမ့်နေပါသည်။


ပို့ကုန်လုပ်ငန်း Co May စီအီးအို Dinh Ngoc Tam က ကုမ္ပဏီတွင် လက်ကျန် အများအပြား ကျန်ရှိနေသေးသဖြင့် ဈေးအနိမ့်ဖြင့် ရောင်းချနေသည်ဟု ပြောကြားသည်။


ဆန်တင်ပို့သည့် လုပ်ငန်း Orico ၏ စီအီးအို Nguyen Viet Anh က ဗီယက်နမ်တွင် ရောင်းလိုအား မြင့်မားနေသည့်အပြင် ဈေးနှုန်းများ အချိန်အတော်ကြာ မြင့်မားနေခဲ့ပြီးနောက် အကျဘက်သို့ ရောက်လာသည်ဟု ပြောကြားသည်။


အခြားနိုင်ငံ အများအပြားတွင်လည်း ဆန်ဈေး ကျဆင်းနေပြီး အိန္ဒိယအစိုးရက ဆန်ဖြူ တင်ပို့ရန် ခွင့်ပြုပါက ပိုမိုကျဆင်းသွားမည်ဖြစ်ကြောင်း အခြားဆန်တင်ပို့သူများက ပြောသည်။


ကမ္ဘာ့ဆန် ထွက်ရှိမှု မြင့်တက်လာမည်ဟု အမေရိကန်က ခန့်မှန်းထားသည်။


မကြာသေးမီက စက်မှုနှင့် ကုန်သွယ်မှု ဝန်ကြီးဌာနသည် ဗီယက်နမ် စားသောက်ကုန်အသင်းကို ဈေးနှုန်းနိမ့်လွန်းပါက ယှဉ်ပြိုင်မှု ဥပဒေများကို ချိုးဖောက်နိုင်ကြောင်း သတိပေးထားသည်။


ဗီယက်နမ်နိုင်ငံမှ Loc Troi Group သည် အင်ဒိုနီးရှား နိုင်ငံပိုင်လုပ်ငန်း Bulog ထံ တတန် US$563 ဖြင့် ဆန်‌ရောင်းချရန် လေလံအောင်မြင်ခဲ့သည်။


ဗီယက်နမ်သည် ၂၀၂၄ ခုနှစ် ပထမငါးလတွင် ဆန် ကန်ဒေါ်လာ ၂.၃ ဘီလီယံဖိုး တင်ပို့ခဲ့သည်။

Source vnexpress 


#FoodIndustryGuide 

Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်