ထိုင်ဝမ် Foodpanda ကို Uber ဝယ်ယူ
ဂျာမနီအခြေစိုက် Delivery Hero ပိုင်ဆိုင်သည့် Foodpanda ၏ ထိုင်ဝမ်မှ လုပ်ငန်းကဏ္ဍကို Uber Technologies က ငွေသား ကန်ဒေါ်လာ သန်း ၉၅၀ ဖြင့် ဝယ်ယူမည်။ အရောင်းအဝယ် ကိစ္စအဝဝ ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်တွင် ပြီးမြောက်ရန် မျှော်လင့်ကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်သည်။
Foodpanda သည် အာရှတွင် အကြီးဆုံး အွန်လိုင်း အစားအစာနှင့် ကုန်ခြောက် ပို့ဆောင်ရေး ပလက်ဖောင်းများထဲမှ တစ်ခုဖြစ်ပြီး စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ ဖိလစ်ပိုင်နှင့် ဟောင်ကောင်တို့ အပါအဝင် စျေးကွက်များတွင် လုပ်ကိုင်သည်။ ၂၀၁၆ ခုနှစ်တွင် Delivery Hero က Foodpanda ကို ဝယ်ယူခဲ့သည်။
ထိုင်ဝမ် အစားအသောက် ပို့ဆောင်ရေးဈေးကွက်ကို Foodpanda နှင့် Uber Eats တို့က လွှမ်းမိုးထားသည်။ ထိုင်ဝမ်တွင် အွန်လိုင်း အစားအသောက်မှာကြားမှုများ၏ ၅၂% ကို Foodpanda ရရှိပြီး ကျန်သည့် ၄၈% ကို Uber Eats က ရရှိသည်။
Source cnbc
#FoodIndustryGuide
Comments
Post a Comment