ဆိုးလ်မြို့တစ်ဝှမ်း အမိုက်ပုံးများ ဒီဇိုင်းအသစ်ဖြင့် ပြန်လည်ထားရှိ

 ၂၀၂၁ တွင်  ကောက်ယူသော စစ်တမ်းတစ်ခုတွင် ဖြေဆိုသူ ဆိုးလ်မြို့ခံများတွင် ၇၃.၃ ရာခိုင်နှုန်းသည် မြို့တော်တွင် အမှိုက်ပုံး အလုံအလောက် မရှိဟု ခံစားရကြောင်း၊  အဓိက အဆင်မပြေမှုတခုဟု ဖြေဆိုခဲ့ကြသည်။


၂၀၂၃ ခုနှစ်စာရင်းအရ ဆိုးလ်မြို့တစ်ဝှမ်းတွင် အမှိုက်ပုံးပေါင်း ၄,၉၅၆ ခု ရှိသည်ဟု ဆိုးလ်မြို့တော် အစိုးရက ဆိုသည်။

၎င်းအရေအတွက်သည် ၁၉၉၅ ခုနှစ်တွင် ၇,၆၀၇ ခု  ရှိခဲ့သည်ထက် သိသိသာသာ လျော့နည်းနေဆဲဖြစ်သည်။

အိမ်မှ အမှိုက်များ စွန့်ပစ်ခြင်း အတွက် ပမာဏအရ အမှိုက်ပစ်ခ ကောက်ခံခြင်းကို ၁၉၉၅ ခုနှစ်တွင်  စတင်ကောက်ခံခဲ့သည်။ ထိုအခါ အမှိုက်ပစ်ခ ပိုများများ မပေးလိုကြသည့် အိမ်ထောင်စုများက လမ်းဘေးအမှိုက်ပုံးများတွင် အမှိုက်သွားပစ်ခဲ့ကြသည်။ သို့ဖြစ်ရာ လမ်းဘေးအမှိုက်ပုံးများကို အစိုးရက သိမ်းဆည်း ဖယ်ရှားခဲ့ရသည်။ 

လက်ရှိ လက်ကျန် အမှိုက်ပုံးများကိုလည်း အိမ်မှ အမှိုက်များ ပစ်ရခက်အောင် အပေါက်ကျဉ်းပေးထားသည်။ အမှိုက်ပုံး ဒီဇိုင်းနှင့် အရောင်တို့မှာလည်း မတင့်တယ်ချေ။



 ယခုအခါ လမ်းသွားလမ်းလာများ အမှိုက်ပစ်ရန် အဆင်ပြေစေရန်အတွက်သာမက မြို့တော်၏ အထင်ကရ သင်္ကေတအဖြစ်လည်း ရှိနေအောင် အမှိုက်ပုံးကို ဒီဇိုင်းဖန်တီးထားသည်။


မြို့တော်ခန်းမ အနီးတဝိုက် အပါအဝင်  လူသွားလူလာ များသော နေရာများတွင် ဒီဇိုင်းအသစ် အမှိုက်ပုံး ၃၀ ကို ထားရှိကြောင်း ဆိုးလ်မြို့တော်အစိုးရက ဧပြီလ ၈ ရက်တွင် ကြေညာခဲ့သည်။

"မြို့ပြ ရှုခင်းနှင့် အဆင်ပြေမှု နှစ်မျိုးလုံးကို ထည့်သွင်းစဉ်းစားထားတဲ့ အဲဒီ အမှိုက်ပုံးအသစ်တွေက  မြို့ပြလူနေမှုဘဝ မြှင့်တင်ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်" ဟု မြို့တော်အစိုးရ ဒီဇိုင်းမူဝါဒ ဗျူရို၏ အကြီးအကဲ Choi In-gyu က ပြောကြားပါသည်။



Source koreatimes


Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်