ဆိုးလ် မြေအောက်ရထားလိုင်းများ ပလပ်စတစ်ထိုင်ခုံများဖြင့် အစားထိုးမည်

 ကိုရီးယား ဆိုးလ်မြို့တော်မှ အမှတ် (၁) မှ (၈) အထိ မြေအောက်ရထားလိုင်းများ၏ အော်ပရေတာဖြစ်သော Seoul Metro သည် မြေအောက်ရထားများမှ ထိုင်ခုံများကို ကြမ်းပိုးများနှင့် အခြားညစ်ညမ်းမှုများ ကင်းဝေးစေရန်အတွက် အထည်သား ထိုင်ခုံများ အားလုံးကို အားဖြည့်ပလပ်စတစ်ထိုင်ခုံများဖြင့် အစားထိုးမည်ဖြစ်ကြောင်း အင်္ဂါနေ့(ဧပြီ ၂)တွင် ပြောကြားခဲ့သည်။


လက်ရှိတွင် မြေအောက်ရထားများတွင် အထည်သား ထိုင်ခုံ ၅၄% ၊ ပလတ်စတစ်ထိုင်ခုံ ၂၉% ၊ စတီးထိုင်ခုံ ၁၇% သုံးစွဲထားသည်။

Line 3 မှ ရထားတွဲများမှ အထည်သားထိုင်ခုံ ၃၄၀ ကို ပလတ်စတစ်ထိုင်ခုံဖြင့် အရင်ဆုံး အစားထိုးမည်ဖြစ်ပြီး ကန်ဒေါ်လာ ၃.၃ သန်း ကုန်ကျမည် ဖြစ်သည်။

ကျန်သည့် လိုင်းများ အားလုံးကို ၂၀၂၉ နောက်ဆုံးထားပြီး လဲလှယ်သွားမည်။


ရထားတွဲများတွင် ကြမ်းပိုး တွေ့ရှိခြင်း မရှိသော်လည်း စိုးရိမ်ကြောင့်ကြမှုများ ပေါ်ပေါက်နေသဖြင့် အထည်သားထိုင်ခုံများ မသုံးတော့ရန် ဆုံးဖြတ်ခဲ့သည်။


ခရီးသည်များနှင့်အတူ ကြမ်းပိုးကပ်ပါလာနိုင်သဖြင့် ရထားတွဲများကို ပုံမှန် ပိုးသတ်ပေးလျက် ရှိသည်။


Source Yonhap

Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်