ဒါကာ နှင့် ဗီယင်ကျန်း တိုက်ရိုက်ခရီးစဉ်များ MAI ပျံသန်းမည်

အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း Myanmar Airways International (MAI) သည် ရန်ကုန် ⇆ ဗီယင်ကျန်း(လာအို)၊ ဒါကာ (ဘင်္ဂလားဒေ့ရှ်) နှင့် ရန်ကုန်⇆ချင်းမိုင် (ထိုင်း)တို့အကြား တိုက်ရိုက်ပျံသန်းမည့် ခရီးစဉ်များကို လာမည့် မေလအစောပိုင်းတွင် စတင်မည်ဖြစ်ကြောင်း မကြာသေးခင်က ကျင်းပခဲ့သည့် MAI Flight Forward အခမ်းအနားတွင် ကြေညာခဲ့သည်။


MAI ၏ ခေတ္တ စီအီးအိုနှင့် စီးပွားရေးအရာရှိချုပ် Tanes Kumar က လေကြောင်းလိုင်းသည် ဗီယင်ကျန်း(လာအို)၊ ချင်းမိုင် (ထိုင်း)၊ ဒါကာ (ဘင်္ဂလားဒေ့ရှ်) အစရှိသည့် မြို့များသို့ ခရီးစဉ်များ တိုးချဲ့ပျံသန်းမည်ဟု ပြောကြားသည်။

ပြည်ပခရီးစဉ်များ ၂၁ ခု ရှိသည်အထိ တိုးချဲ့မည် ဖြစ်သည်။


ရန်ကုန် ⇆ ဗီယင်ကျန်း(လာအို) ခရီးစဉ်ကို မေလ ၄ ရက်တွင် စတင်ပျံသန်းမည်။ အပတ်စဉ် အင်္ဂါ‌နေ့နှင့် ကြာသပတေးနေ့ တပတ် ၂ ကြိမ် ပျံသန်းမည်။ 

၁၉၈၀ ပြည့်လွန်နှစ်များတွင် လာအိုလေကြောင်းလိုင်းသည် အမြတ်အစွန်း မရရှိခြင်းကြောင့် ရန်ကုန်သို့ ပျံသန်းမှု ရပ်ဆိုင်းခဲ့သည်။ ထိုစဉ်မှစ၍ လာအိုနှင့် မြန်မာတို့အကြား တိုက်ရိုက်လေကြောင်း ခရီးစဉ် မရှိတော့ချေ။ 

မြို့တော်ဗီယင်ကျန်းနှင့် ရန်ကုန်တို့အကြား လေကြောင်းခရီးစဉ် ပြန်စရန် ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် စီစဉ်ခဲ့သော်လည်း Lao Airlines က အစီအစဉ်ကို ပြန်ရုပ်သိမ်းခဲ့သည်။ အဓိကအကြောင်းရင်းမှာ လုံလောက်သော အမြတ်အစွန်း မရနိုင်သောကြောင့် ဖြစ်ပါသည်။


Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်