ထိုင်းနယ်စပ်စစ်ဆေးရေးဂိတ် ၈ ခုနှင့် ပင်လယ်ဆိပ်ကမ်း ၅ ခုတွင် TM6 ကတ် ရပ်ဆိုင်း
ခရီးသွားလာရေး မြှင့်တင်ရန်နှင့် နိုင်ငံခြားခရီးသွားများ ပိုမိုအဆင်ပြေစေရန်အတွက် နယ်စပ်စစ်ဆေးရေးဂိတ် ၈ ခုနှင့် ပင်လယ်ဆိပ်ကမ်း ၅ ခုတွင် TM6 ပုံစံကတ် ဖြည့်သွင်းပေးအပ်ရခြင်းကို ရပ်ဆိုင်းရန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ အဆိုပြုချက်ကို ထိုင်းအစိုးရအဖွဲ့က အတည်ပြုခဲ့သည်။
နယ်စပ်စစ်ဆေးရေးဂိတ် ၈ ခုမှာ
- Sadao, Songkhla province
- Chiang Saen, Chiang Rai
-First Thai-Lao Friendship Bridge, Nong Khai
- Second Thai-Lao Friendship, Mukdahan
- Klong Luek, Mukdahan
- Sungai Kolok, Narathiwat
- Betong, Yala
- Padang Bezar, Songkhla
ခရီးသွားလုပ်ငန်း အပျော်စီးသင်္ဘော၊ Sport Boat တို့ဖြင့် ဆိုက်ရောက်လာသည့် နိုင်ငံခြားသားများ TM6 ကတ် ကင်းလွတ်ခွင့် ရသည့် ပင်လယ်ဆိပ်ကမ်း စစ်ဆေးရေးဂိတ် ၅ ခုမှာ
- Phuket
- Rayong
- Chonburi
- Krabi
- Surat Thani
TM6 ကတ် မလိုအပ်ကာလမှာ ဧပြီ ၁၅ ရက်မှ အောက်တိုဘာ ၁၅ ရက်အထိ ဖြစ်သည်။
လေဆိပ်များတွင် ကြန့်ကြာမှုများ သက်သာစေရန် ထိုင်းအစိုးရက TM6 ဆိုက်ရောက်/ထွက်ခွာကတ်များကို ၂၀၂၂ ခုနှစ် ဇွန်လတွင် ရပ်ဆိုင်းခဲ့သည်။
TM6 ကတ်တွင် ဆိုက်ရောက်နှင့် ထွက်ခွာ နှစ်ပိုင်းပါသည်။ ထိုင်းနိုင်ငံသို့ ဝင်ရောက်သည့် ခရီးသွားများအကြောင်း အချက်အလက် ရယူရန်အတွက် အသုံးပြုသည်။ အမည်၊ နိုင်ငံကူးလက်မှတ်အသေးစိတ်၊ လေယာဉ်ခရီးစဉ် နံပါတ်၊ ထိုင်းနိုင်ငံရှိ နေရပ်လိပ်စာနှင့် ဗီဇာအချက်အလက်စသည်တို့ကို ခရီးသည်က ဖြည့်သွင်းပြီး တာဝန်ကျ လူဝင်မှုကြီးကြပ်ရေးထံ ပေးအပ်ရသည်။
#TravelerGuide
Comments
Post a Comment