မြစ်ကူးတံတားပေါ်တွင် တည်ဆောက်ထားသည့် ကမ္ဘာ့ပထမဆုံးဟိုတယ်

 တောင်ကိုရီယားမှ ဆိုးလ်မြို့ပြအစိုးရ Seoul Metropolitan Government (SMG) သည် ဧည့်သည်များအား ဟန်မြစ် မြင်ကွင်းကျယ်နှင့် မြို့တော်၏ တိုက်တာရှုခင်းများကို ပေးစွမ်းနိုင်ရန် ဟန်မြစ် မြစ်ကူးတံတား Hangang Bridge ပေါ်တွင် ထူးခြားသောဟိုတယ်တစ်ခုကို ဖွင့်လှစ်ရန် စီစဉ်‌နေသည်။

ဇူလိုင် ၁၆ ရက်တွင် တရားဝင်ဖွင့်လှစ်မည်ဖြစ်ပြီး မြစ်ကူးတံတားပေါ်တွင် တည်ဆောက်ထားသည့် ကမ္ဘာ့ပထမဆုံးဟိုတယ် ဖြစ်လာမည်။


ကော်ဖီဆိုင်အဖြစ် အသုံးပြုခဲ့သည့် တံတားပေါ်ရှိ လက်ရှိအဆောက်အဦကို အိပ်ခန်း၊ ဧည့်ခန်းနှင့် ရေချိုးခန်းများပါရှိသော ၁၄၅ စတုရန်းမီတာ ကျယ်ဝန်းသော အခန်းဖြစ်လာစေရန် ပြန်လည်ပြုပြင်ထားပြီး ဧည့်သည် လေးဦးအထိ လက်ခံနိုင်သည်။


အတွင်းဒီဇိုင်းကို ကမ္ဘာ့အွန်လိုင်း အိမ်အခန်းငှားဝန်ဆောင်မှုလုပ်ငန်း Airbnb က ဒီဇိုင်းထုတ်ပေးထားသည်။ Ramada Hotel နှင့် Militopia Hotel တို့ကို စီမံခန့်ခွဲသည့် San-ha HM က လုပ်ငန်းလုပ်ကိုင်ခွင့် ရရှိသည်။

အခန်းငှားခမှာ တည ဝမ် ၃၄၀,၀၀၀($250)မှ ၅၀၀,၀၀၀ အထိ ဖြစ်သည်။

Airbnb တွင် Booking တင်ရမည်။


Source koreatimes 

#EducationIndustryGuide #TravelerGuide 

Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်