စင်ကာပူနိုင်ငံ၏ ပထမဆုံး 'zero-energy' ဟိုတယ်

 သုညအသားတင် စွမ်းအင် အဆောက်အဦ zero net energy building (ZNEB) သည် 

စွမ်းအင်ထုတ်လုပ်သုံးစွဲမှု အကောင်းဆုံးထိရောက်မှုရှိပြီး တစ်နှစ်ပတ်လည် ကာလအတွင်း သန့်ရှင်းသော ပြန်လည်ပြည့်ဖြိုးမြဲ အရင်းအမြစ်များကို အသုံးပြုကာ အဆောက်အဦတွင် စွမ်းအင်ထုတ်လုပ်သည်။ ထုတ်လုပ်သော စွမ်းအင်ပမာဏ စုစုပေါင်းသည် အဆောက်အဦတွင် သုံးစွဲသည့် စွမ်းအင်ပမာဏ စုစုပေါင်းကို ပြည့်မီဖူလုံသည်။ သို့ဖြစ်ရာ ပြင်ပမှ ရယူသော စွမ်းအင်ပမာဏ သုည ဖြစ်သဖြင့် 'zero-energy' ဟုလည်း ခေါ်တွင်သည်။


စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်တွင် တည်‌ဆောက်မည့် ၇ ထပ်ဟိုတယ် Hotel Indigo Changi Airport သည် စင်ကာပူနိုင်ငံ၏ ပထမဆုံး 'zero-energy' ဟိုတယ်ဖြစ်လာမည်။ 


ချန်ဂီလေဆိပ်၌ Jewel Changi Airport တွင် YOTEAIR Singapore ဟိုတယ် ရှိသည်။ Terminal 3 နှင့်တိုက်ရိုက်ချိတ်ဆက်ထားသော Crown Plaza Changi Airport ဟိုတယ်ရှိဟည်။ သို့ဖြစ်ရာ Hotel Indigo သည် ချန်ဂီလေဆိပ်၏ တတိယဟိုတယ် ဖြစ်လာမည်။ ၂၂၅ ခန်း ရှိပြီး ခရီးသွားများ တည်းခိုရန်အပြင် စင်ကာပူမှာ နေထိုင်ကြသူများ staycation တည်းခိုနိုင်မည် ဖြစ်သည်။


စွမ်းအင် ထုတ်လုပ်ရန် ဆိုလာပြားများ ခင်းကျင်းထားမည်။ လေအေးစက်နှင့် သဘာဝ နှစ်မျိုးတွဲသုံးသည့် အအေးပေးစနစ် သုံးစွဲမည်။ မိုးရေ စုဆောင်းသည့်စနစ် ပါသည်။ 


၇ ထပ်စလုံး အမြဲစိမ်း အပင်များ ရှိသဖြင့် ကျွန်းမျော တခုပေါ်မှ ‌အမြဲစိမ်းသစ်တောအုပ်သဖွယ် ဖြစ်နေမည်။ 


#BuilderGuide #TravelerGuide

Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်