လေကြောင်းလိုင်းများ အီရန်လေပိုင်နက် ရှောင်ကွင်းပျံသန်း
"ကြိုတင်ကာကွယ်သည့် အနေဖြင့် ၂၀၂၄ ခုနှစ် ဧပြီလ ၁၃ ရက် ၁၃၀၀ နာရီ (စင်ကာပူစံတော်ချိန်)မှ စ၍ Singapore Airlines (SIA)နှင့် Scoot လေကြောင်းခရီးစဉ်များအားလုံးသည် အီရန် လေပိုင်နက်အတွင်း ပျံသန်းခြင်းကို ရပ်လိုက်ပြီး အစားထိုး လမ်းကြောင်းများကို အသုံးပြုပါသည်။ အရှေ့အလယ်ပိုင်းဒေသ အခြေအနေကို ကျွန်ုပ်တို့ အနီးကပ် စောင့်ကြည့်နေပြီး ကျွန်ုပ်တို့၏ ပျံသန်းမှုလမ်းကြောင်းများကို လိုအပ်သလို ချိန်ညှိပြောင်းလဲ
ပါမည်" ဟု Singapore Airlines (SIA) က တနင်္ဂနွေနေ့ (ဧပြီ ၁၄) တွင် ပြောကြားသည်။
လက်ရှိအခြေအနေကြောင့် Lufthansa သည် အီရန် မြို့တော် တီဟီရန်သို့ အသွားအလာ ပျံသန်းမှုများကို ရပ်ဆိုင်းထားသည်ဟု ဂျာမန်လေကြောင်းလိုင်းက သောကြာနေ့တွင် ကြေညာခဲ့သည်။ ၎င်း၏ လေယာဉ်များသည် အီရန်လေပိုင်နက်ကို အသုံးမပြုတော့ကြောင်း ပြောကြားသည်။
Lufthansa လက်အောက်ခံ Austrian Airlines နှင့်ဩစတေးလျမှ Qantas လေကြောင်းလိုင်းတို့သည်လည်း အီရန်လေပိုင်နက်ကို ရှောင်ကွင်းပျံသန်ကြသည်။
အီရတ်၊ အစ္စရေးနှင့် ဂျော်ဒန်နိုင်ငံတို့က ၎င်းတို့၏ လေပိုင်နက်ကို ပိတ်ပင်ကြောင်း စနေနေ့ညတွင် ကြေညာသည်။
Thai Airways International (THAI) ၏ ဥရောပ ခရီးစဉ်များသည် အရှေ့အလယ်ပိုင်းဒေသကို ဖြတ်သန်းပျံသန်းရသဖြင့် ယခုအခါ လမ်းကြောင်းပြောင်းပြီး အရှေ့အလယ်ပိုင်းဒေသ လေပိုင်နက်များကို ရှောင်ကွင်းပျံသန်းနေကြောင်း THAI ဥက္ကဋ္ဌ Chai Eamsiri က တနင်္ဂနွေနေ့တွင် ပြောကြားသည်။
#TravelerGuide
Comments
Post a Comment