ဖူးခက်နှင့် ပတ္တယား ဟိုတယ်အသစ်များ တိုးမည်

 ထိုင်းဘဏ်များသည် Covid-19 အကျပ်အတည်းကာလအတွင်း ချေးငွေများ ထုတ်ချေးခြင်းကို ခေတ္တရပ်ထားပြီးနောက် ယခုအခါ ဟိုတယ်အသစ် ဆောက်လုပ်မည့် စီမံကိန်းများအတွက် ချေးငွေများ ပြန်လည်ပေးအပ်နေပြီဖြစ်သည်။

သို့ဖြစ်ရာ ဧည့်ဝတ်ပြုမှုလုပ်ငန်းကဏ္ဍသည် အဓိကအားဖြင့် ထိုင်းနိုင်ငံ ပင်လယ်ကမ်း‌ခြေ အပန်းဖြေမြို့များဖြစ်သည့် ဖူးခက်နှင့် ပတ္တယားတို့တွင် ဟိုတယ်စီမံကိန်းများကို အကောင်အထည်ဖော်ကြသည်။


Onyx Group သည် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်အရ လာမည့် ၃နှစ်မှ ၅နှစ်အတွင်း ဖူးခက်တွင် ဟိုတယ် လေးငါးလုံး ဆောက်လုပ်ရန် ရည်ရွယ်ထားကြောင်း၊ Onyx ၏ လူသိများသော အမှတ်တံဆိပ်များ ဖြစ်သည့် brands: Amari, OZO, Shama, Oriental Residence တို့ ပါဝင်မည်ဖြစ်ကြောင်း Onyx Hospitality Group ၏ CEO Yuthachai Charanachitta က ပြောကြားခဲ့သည်။

မလေးရှားမှ ဇိမ်ခံအပန်းဖြေစခန်း အမှတ်တံဆိပ် EQ က ထိုင်းသို့ တိုးချဲ့မည့် အစီအစဉ်တွင်လည်း Onyx Group က ပူးပေါင်းပါဝင်မည်။ EQ က ပထမခြေလှမ်းအဖြစ် ဖူးကက်တွင် ရင်းနှီးမြှုပ်နှံမည်။


 

ပထမသုံးလပတ်တွင် ပတ္တယားအိမ်ခြံမြေဈေးကွက် ပြန်လည်ကောင်းမွန်လာသည့်လက္ခဏာများ ပြသခဲ့ပြီး ကွန်ဒိုမီနီယံ စီမံကိန်းအသစ် ၃ ခုကို စတင်ခဲ့ရာ၌ စုစုပေါင်း ဘတ် ၁၆ ဘီလီယံတန်ဖိုးရှိ ယူနစ်ပေါင်း ၄၄၉၃ ခန်း ပါဝင်သည်။

၂၀၂၄ ခုနှစ်၏ ကျန်သုံးလပတ် ၃ ခုတွင် ကွန်ဒိုတိုက်ခန်းသစ် ၃,၀၀၀ ကျော် ဈေးကွက်အတွင်းသို့ ဝင်ရောက်လာမည်ဟု ခန့်မှန်းထားသည်။

သို့ဖြစ်ရာ ယခုနှစ်တွင် စုစုပေါင်း အခန်း ၇,၀၀၀ ကျော် ထပ်တိုးမည် ဖြစ်ပြီး ပြီးခဲ့သည့် ၅ နှစ်တာတွင် အရေအတွက် အများဆုံး တိုးခြင်းဖြစ်သည်။



On the hospitality side, Wallapa Traisorat, CEO and managing director of 

Asset World Corp (AWC) သည် ပတ္တယားတွင် ဟိုတယ်အသစ် စီမံကိန်း ၈ ခုကျော်အထိ အကောင်အထည်ဖော်မည်ဟု စီအီးအိုနှင့် မန်နေဂျင်းဒါရိုက်တာ Wallapa Traisorat က ‌ပြောကြားသည်။ စီမံကိန်းများတွင် စုစုပေါင်း ဘတ် ၂၀ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံသွားမည်။


Land and House Mall & Hotel Group (LHMH) သည် အရွယ်အစား ကြီးမားသည့် ဟိုတယ်ကြီးများကို ပတ္တာယားတွင် ဆက်လက် အကောင်အထည်ဖော်သွားမည်ဟု စီအီးအို Suwanna Buddhaprasart က ပြောကြားသည်။

လက်ရှိတွင် ဘတ် ၉ ဘီလီယံ ဝန်းကျင် ရင်းနှီးမြှုပ်နှံထားသော ဟိုတယ် အသစ် ၂ လုံး ဖွင့်လှစ်ရန် ပြင်ဆင်နေသည်။ ၎င်း ဟိုတယ် ၂ ခု ဖွင့်လှစ်ပြီးပါက LHMH သည် ပတ္တယားတွင် အခန်းစုစုပေါင်း ၁,၈၀၀ ကျော်ရှိသည့် ဟိုတယ် ၄ လုံး ရှိမည် ဖြစ်သည်။

Source Bangkokpost 

#ConstructionIndustryGuide 

Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်