Scoot လေကြောင်းလိုင်း ပထမဆုံး Embraer E190-E2 လေယာဉ် စတင်ပျံသန်း ပြေးဆွဲ
စင်ကာပူလေကြောင်းလိုင်း၏ ကုန်ကျစရိတ်သက်သာသော လေကြောင်းလိုင်း Scoot သည် ၎င်း၏ ပထမဆုံး Embraer E190-E2 လေယာဉ်ဖြင့် မေလ ၇ ရက်တွင် စတင်ပျံသန်းပြေးဆွဲသည်။
Scoot သည် Embraer အသစ် ၉ စင်းကို မှာကြားထားရာ ၂၀၂၅ မကုန်ခင် အားလုံး လက်ခံရရှိမည်။
လေကြောင်းခရီးသည်တင် လေယာဉ်များတွင် အသံ အငြိမ်သက်ဆုံးနှင့် လောင်စာဆီ အသက်သာဆုံး ဖြစ်ပြီး မင်းလမ်းတခုပါ Embraer E190-E2 လေယာဉ်သည် မင်းလမ်း တဖက်တချက်စီတွင် ၂၉ လက်မ ထိုင်ခုံနေရာ ၂ ခု ပါဝင်ကာ စုစုပေါင်း ၁၁၂ ခုံအထိ ထားနိုင်သည်။ ပြတင်းပေါက်များ ပိုကျယ်သည်။
Embraer E2 စီးရီးသည် ခရီးတိုနှင့် ခရီးအလယ်အလတ် ပျံသန်းရန် ဒီဇိုင်းထုတ်ထားသည်။
Scoot သည် ဒုတိယမြောက် E190-E2 လေယာဉ်ကို စင်ကာပူတွင် လက်ခံရယူထားပြီးပြီ ဖြစ်ပြီး ပျံသန်းပြေးဆွဲရန် ပြင်ဆင်နေသည်။
လက်ရှိတွင် Scoot သည် အာရှ-ပစိဖိတ်၊ အရှေ့အလယ်ပိုင်းနှင့် ဥရောပရှိ နိုင်ငံနှင့် နယ်မြေပေါင်း ၁၅ခုသို့ ခရီးစဉ် ၆၇ ခု ပျံသန်းပါသည်။
Source cna
#LogisticsIndustryGuide
Comments
Post a Comment