လေယာဉ်ပေါ် ခိုးမှု ကျူးလွန်သူ ဖမ်းဆီး
အိန္ဒိယခရီးသည် Chavan Harshad Pandurang သည် လေယာဉ်မှ ဆင်းလာပြီးနောက် သုဝဏ္ဏဘူမိလေဆိပ်မှ ရဲတပ်ဖွဲထံ ၎င်း၏ Rolex နာရီနှင့် ငွေသားဒေါ်လာ ၂၈၀၀ ခိုးခံရကြောင်း တိုင်ကြားခဲ့သည်။
လေဆိပ်ရှိ ရဲတပ်ဖွဲနှင့် လုံခြုံရေး တာဝန်ရှိသူများက လုံခြုံရေးကင်မရာ မှတ်တမ်းများကို စစ်ဆေးခဲ့ပြီး အသက် ၄၈ နှစ်အရွယ် Yi Xiangyang သည် တရားခံဖြစ်ကြောင်း ယူဆကြသည်။
Mr Yi သည် လူဝင်မှုကြီးကြပ်ရေး စစ်ဆေးမှု အပြီးတွင် ခရီးဆောင်အိတ်ကို ကောက်ယူရန် မစောင့်ဘဲ ကိုယ်နှင့်မကွာ ယူလာသည့် အိတ်တလုံးဖြင့်သာ လေဆိပ်မှ အလျင်အမြန် လေဆိပ်မှ ထွက်ခွာခဲ့သည်။
Mr Yi တည်းခိုသည့် ဟိုတယ်ကို စုံစမ်းသိရှိပြီးနောက် ၎င်းကို ကြာသပတေးနေ့တွင် ၎င်းဟိုတယ်တွင် ဖမ်းဆီးခဲ့သည်။
၎င်းအိန္ဒိယခရီးသည်နှင့် Mr Yi တိုသည် ပြီးခဲ့သည့် ကြာသပတေးနေ့တွင် မွမ်ဘိုင်းမှ ဘန်ကောက်သို ပျံသန်းသော Vistara လေယာဉ်အမှတ် UK123 ပေါ်မှ ခရီးသည်များဖြစ်သည်။
၎င်းသည် လေယာဉ်ပေါ် ကျူးလွန်ခဲ့သည့် ပြစ်မှု ထင်ရှားပါက ဒဏ်ငွေ ဘတ် ၂၀,၀၀၀ မှ ၁၀၀,၀၀၀ အထိ သိုမဟုတ် ထောင်ဒဏ် ၇ နှစ်အထိ သိုမဟုတ် ပြစ်ဒဏ် ၂ ရပ်စလုံး ကျခံရမည် ဖြစ်သည်။
#Guide4U
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
Comments
Post a Comment