တရုတ်နိုင်ငံရှိ ဟိုတယ်များတွင် နိုင်ငံခြားဧည့်သည်များကို ငြင်းပယ်ခြင်း မပြုရန် ညွှန်ကြား

 တရုတ်အာဏာပိုင်များသည် တရုတ်နိုင်ငံရှိ ဟိုတယ်များတွင် နိုင်ငံခြားဧည့်သည်များကို ငြင်းပယ်ခြင်း မပြုရန် ညွှန်ကြားထားသည်။

တရုတ်နိုင်ငံတော် ကောင်စီ၏ ဝက်ဘ်ဆိုဒ်တွင် တင်ထားသည့် သတိပေးချက်တွင် တရုတ်အစိုးရသည် ဟိုတယ်များက တည်းခိုခွင့် မပေးသည့် ယူကေနှင့် နိုင်ဂျီးရီးယား နိုင်ငံသားများ အပါအဝင် နိုင်ငံခြားသား ခရီးသွားများထံမှ တိုင်ကြားချက်များ လက်ခံရရှိထားကြောင်း ဖော်ပြထားသည်။ 

ဟိုတယ်များသည် နိုင်ငံခြားဧည့်သည်များကို လက်ခံရန် မစီစဉ်ထားခြင်း၊ ဧည့်စာရင်း တိုင်ရန် အချက်အလက်စနစ်ထဲသို့ အချက်အလက်များ ထည့်သွင်းနည်းကို မသိခြင်းစသည့် အကြောင်းပြချက်များဖြင့် နိုင်ငံခြားသား ခရီးသွားများကို တည်းခိုခွင့် မပေးကြချေ။

 အဆိုပါအကြောင်းပြချက်များကြောင့် နိုင်ငံခြားခရီးသွားများကို ငြင်းဆိုခွင့်မပြုတော့ကြောင်း တရုတ်အစိုးရအဖွဲ့အစည်းအများအပြားက ပြီးခဲ့သည့် သောကြာနေ့ (မေလ ၂၄ ရက်) တွင် သတိပေးချက် ထုတ်ပြန်ခဲ့သည်။

Source cna

#TravelerGuide 

Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်