SK Group ၏ ဥက္ကဋ္ဌ လင်မယား ကွာရှင်းမှု ကန်ဒေါ်လာ ၁ ဘီလီယံ ပေးရ

 တောင်ကိုရီးယားမှ SK Group ၏ ဥက္ကဋ္ဌ Chey Tae-won အား လင်မယား ကွာရှင်းမှုအတွက် ၎င်း၏ ဇနီးဟောင်း Roh So-young (ယခင်ကိုးရီးယားသမ္မတ Roh Tae-woo ၏ သမီး) အား ငွေသားဖြင့် ဝမ် ၁.၃၈ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁ ဘီလီယံ) ပေးဆောင်ရန် ကြာသပတေးနေ့ (မေ ၃၀)တွင် အထက်တရားရုံးက အမိန့်ချခဲ့သည်။


ယခင် အောက်တရားရုံး စီရင်ချက်တွင် ဝမ် ၆၆.၅ ဘီလီယံ ပေးရန် သတ်မှတ်ခဲ့သည်ထက် ယခုစီရင်ချက်က ပိုများနေရသည်မှာ Chey ၏ စီးပွားရေး အောင်မြင်မှုအတွက် Roh So-young နှင့် သူမ၏ ဖခင် Roh Tae-woo တို့က ကျေးဇူးပြုပေးခဲ့ကြသည်ကို ထည့်သွင်း စဉ်းစားပေးထားခြင်းကြောင့် ဖြစ်သည်။


Chey ၏ အသားတင်ကြွယ်ဝမှုအား ဝမ် လေးထရီလီယံဝန်းကျင်ဟု တရားရုံးက ရာဖြတ်ခဲ့ပြီး Roh So-young သည် ၃၅%ကို ရရှိမည်ဖြစ်သည်။


SK Group သည် တောင်ကိုရီးယား၏ ထိပ်တန်း မိုဘိုင်းလ်ဖုန်းလိုင်း အပါအဝင် စီးပွားရေးလုပ်ငန်းများကို လုပ်ဆောင်နေပြီး ကမ္ဘာ့ဒုတိယအကြီးဆုံး memory chip ထုတ်လုပ်သည့် SK Hynix ကို ထိန်းချုပ်ထားသည်။

Source AFP

#WeddingIndustryGuide 

Comments

Popular posts from this blog

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင်

Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးအပ်လျက်ရှိတဲ့ Samsung Week ပရိုမိုးရှင်းကြီး

2026 graduate Global Korea Scholarship (GKS) အတွက် လျှောက်လွှာလမ်းညွှန်ချက်များ