SK Group ၏ ဥက္ကဋ္ဌ လင်မယား ကွာရှင်းမှု ကန်ဒေါ်လာ ၁ ဘီလီယံ ပေးရ

 တောင်ကိုရီးယားမှ SK Group ၏ ဥက္ကဋ္ဌ Chey Tae-won အား လင်မယား ကွာရှင်းမှုအတွက် ၎င်း၏ ဇနီးဟောင်း Roh So-young (ယခင်ကိုးရီးယားသမ္မတ Roh Tae-woo ၏ သမီး) အား ငွေသားဖြင့် ဝမ် ၁.၃၈ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁ ဘီလီယံ) ပေးဆောင်ရန် ကြာသပတေးနေ့ (မေ ၃၀)တွင် အထက်တရားရုံးက အမိန့်ချခဲ့သည်။


ယခင် အောက်တရားရုံး စီရင်ချက်တွင် ဝမ် ၆၆.၅ ဘီလီယံ ပေးရန် သတ်မှတ်ခဲ့သည်ထက် ယခုစီရင်ချက်က ပိုများနေရသည်မှာ Chey ၏ စီးပွားရေး အောင်မြင်မှုအတွက် Roh So-young နှင့် သူမ၏ ဖခင် Roh Tae-woo တို့က ကျေးဇူးပြုပေးခဲ့ကြသည်ကို ထည့်သွင်း စဉ်းစားပေးထားခြင်းကြောင့် ဖြစ်သည်။


Chey ၏ အသားတင်ကြွယ်ဝမှုအား ဝမ် လေးထရီလီယံဝန်းကျင်ဟု တရားရုံးက ရာဖြတ်ခဲ့ပြီး Roh So-young သည် ၃၅%ကို ရရှိမည်ဖြစ်သည်။


SK Group သည် တောင်ကိုရီးယား၏ ထိပ်တန်း မိုဘိုင်းလ်ဖုန်းလိုင်း အပါအဝင် စီးပွားရေးလုပ်ငန်းများကို လုပ်ဆောင်နေပြီး ကမ္ဘာ့ဒုတိယအကြီးဆုံး memory chip ထုတ်လုပ်သည့် SK Hynix ကို ထိန်းချုပ်ထားသည်။

Source AFP

#WeddingIndustryGuide 

Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်