ဗီယက်နမ်အမျိုးသားနှင့် တောင်ကိုရီးယားအမျိုးသမီး လက်ထပ်ထိမ်းမြားခြင်း ၁၀ နှစ်အတွင်း ၃ ဆ ရှိလာခဲ့
ဗီယက်နမ်အမျိုးသားများနှင့် တောင်ကိုရီးယားအမျိုးသမီးတို့ကြား တနှစ်တာကာလအတွင်း လက်ထပ်ထိမ်းမြားသည့် အရေအတွက်သည် ၂၀၁၃ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ တစ်ဆယ်နှစ်အတွင်း ၂ ဒသမ ၈ ဆ တိုးမြင့်လာခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် ၂၇၉ ရှိခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ၇၉၂ အထိ မြင့်တက်လာခဲ့သည်။
Yonhap သတင်းအေဂျင်စီ၏ အဆိုအရ ဗီယက်နမ်အမျိုးသားများသည် တောင်ကိုရီးယားတွင် တတိယအများဆုံး နိုင်ငံခြားသားခင်ပွန်းများ ဖြစ်သည်။ ၁၅.၈% ရှိသည်။
အများဆုံးဖြစ်သည့် အမေရိကန်နိုင်ငံသား ခင်ပွန်းများသည် ၂၇.၇% ရှိသည်။
ဒုတိယအများဆုံး တရုတ်နိုင်ငံသား ခင်ပွန်းများသည် ၁၈.၄% ရှိသည်။
ထူးခြားချက်တချက်မှာ Chosun Daily သတင်းမီဒီယာ၏ အဆိုအရ ဗီယက်နမ်အမျိုးသားများနှင့် လက်ထပ်သည့် ကိုရီးယား အမျိုးသမီးများတွင် တချိန်တခါက ကိုရီးယား အမျိုးသားနှင့်လက်ထပ်ခဲ့ဖူးသူများ အတော်များများ ပါဝင်နေခြင်း ဖြစ်သည်။
၂၀၂၂ ခုနှစ်တွင် ဗီယက်နမ်အမျိုးသားနှင့် လက်ထပ်သည့် ကိုရီးယားအမျိုးသမီး ၇၉၂ ဦး ရှိခဲ့ရာတွင် ၅၅၆ ဦးသည် ကိုရီးယား အမျိုးသားနှင့်လက်ထပ်ခဲ့ဖူးသူများဖြစ်သည်။
ယင်းတို့အနက် ၄၈၂ ဦးသည် မူရင်းမူလ ဗီယက်နမ်မှ အမျိသမီးများ ဖြစ်သည်။ တောင်ကိုရီးယားသို့ ရောက်ရှိလာခဲ့ပြီး ကိုရီးယားနိုင်ငံသား ခံယူခဲ့ကြသူများ ဖြစ်သည်။ ကိုရီးယားနိုင်ငံသားနှင့် လက်ထပ်ပြီးနောက် ကိုရီးယားနိုင်ငံသား ခံယူခဲ့ကြသည်။ ထို့နောက် ကိုရီးယားနိုင်ငံသားခင်ပွန်းနှင့် ကွာရှင်းပြတ်စဲသည်။ ထို့နောက် ဗီယက်နမ်အမျိုးသားနှင့် လက်ထပ်သည်။
၂၀၂၃ ခုနှစ်တွင် ကိုရီးယား နိုင်ငံသားနှင့် လက်ထပ်ထားသည့် နိုင်ငံခြားသူ ဇနီးများတွင် ဗီယက်နမ် အမျိုးသမီးများသည် အများဆုံး ဖြစ်သည်။ ၃၃.၅% ရှိသည်။ တရုတ်အမျိုးသမီးများသည် ဒုတိယအများဆုံးဖြစ်ပြီး ၁၈.၁% ရှိသည်။ တတိယ အများဆုံးမှာ ထိုင်းအမျိုးသမီးများဖြစ်ပြီး ၁၃.၇% ရှိသည်။
Source Yonhap, Chosun Daily, vnexpress
Comments
Post a Comment