ကိုရီးယား အမျိုးသမီးများ အမေရိကန်အမျိုးသားများနှင့် လက်ထပ်ကြသည်မှာ အများဆုံးဖြစ်

၂၀၂၃ ခုနှစ်တွင် ကိုရီးယားအမျိုးသားနှင့် ဂျပန်အမျိုးသမီး ထိမ်းမြားလက်ထပ်မှု သိသိသာသာ တိုးလာကြောင်း အင်္ဂါနေ့ (မတ် ၂၆)တွင် ကိုရီးယားစာရင်းအင်းဌာနမှ ထုတ်ပြန်သည့် ၂၀၂၃ အိမ်ထောင်ပြုခြင်းနှင့် ကွာရှင်းမှု စာရင်းအရ သိရသည်။

၂၀၂၂ ခုန‌ှစ်တွင် ကိုရီးယားအမျိုးသားနှင့် ဂျပန်အမျိုးသမီး ထိမ်းမြားလက်ထပ်မှု ၅၉၉ ခု ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ၈၄၀ ခု ရှိခဲ့သည်။ သို့ဖြစ်ရာ ၄၀.၂% တိုးလာခဲ့သည်။

ကိုရီးယား အမျိုးသားန‌ှင့် ဂျပန် အမျိုးသမီး စုံတွဲကို တင်ဆက်ထားသည့် Chae Jong Hyeop ပါဝင် သရုပ်ဆောင်ထား‌ေသာ ဇာတ်လမ်းတွဲ "Eye Love You" ရေပန်းစားသည်။ ၎င်းဇာတ်လမ်းတွဲ အရှိန်အဝါကြောင့် ကိုရီးယားအမျိုးသားနှင့် ဂျပန်အမျိုးသမီး ထိမ်းမြားလက်ထပ်မှုများ ရှိစေခဲ့သည်။

Netflix Japan တွင် ၅ ပတ်တိုင်တိုင် အကြည့်အများဆုံး ထိပ်တန်း (၁၀) စာရင်းဝင်ခဲ့သည်။



၂၀၂၃ ခုနှစ်တွင် နိုင်ငံသား မဟုတ်သူနှင့် လက်ထပ်ခြင်း ၁၉,၇၀၀ ခု ရှိခဲ့သည်။

နိုင်ငံသား မဟုတ်သူနှင့် လက်ထပ်ခြင်းများတွင် ကိုရီးယားအမျိုးသားများနှင့် ဗီယက်နမ်အမျိုးသမီးများ လက်ထပ်ခြင်းသည် အများဆုံးဖြစ်သည်။


ဂျပန်အမျိုးသားများနှင့် လက်ထပ်သော ကိုရီးယားအမျိုးသမီး အရေအတွက်မှာ ထိပ်တန်း (၁၀) စာရင်းတွင် သတ္တမ အများဆုံး ဖြစ်သည်။  ၂၀၂၁ ခုနှစ်တွင် ၁၄၀၊ ၂၀၂၂ ခုနှစ်တွင် ၁၂၅၊ ၂၀၂၃ ခုနှစ်တွင် ၁၄၃ ခု ရှိခဲ့သည်။


ကိုရီးယား အမျိုးသမီးများသည် ကိုရီးယားမဟုတ်သော အမျိုးသားများထဲတွင် အမေရိကန်အမျိုးသားများနှင့် လက်ထပ်ကြသည်မှာ အများဆုံးဖြစ်ပြီး  တရုတ်အမျိုးသား ဒုတိယ အများဆုံး ဖြစ်သည်။ တတိယအများဆုံးမှာ ဗီယက်နမ်အမျိုးသားများ ဖြစ်သည်။ ၎င်းနောက်တွင် ကနေဒါ၊ ဩစတြေးလျနှင့် ဗြိတိန်တို့ အစဉ်အတိုင်း ရှိနေသည်။ 

Source koreatimes 


Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်