ခြ အသုံးပြုသူ ပြန်လည်များပြားလာ
Meta ၏ Threads အက်ပ်သည် ယခုအခါ လစဉ်အသုံးပြုသူ သန်း ၁၅၀ ကျော်ရှိပြီး ဖေဖော်ဝါရီလမှ စတင်ကာ သုံးစွဲသူအသစ် သန်း ၂၀ ခန့် တိုးလာခဲ့သည်။
Threads သည် ပုံမှန်အားဖြင့် သုံးစွဲသူများ ပြန်လည်ရရှိလာသည်။ Threads စတင်စဉ်က ဒေါင်းလုဒ် ကြိမ်ရေ သန်း ၁၀၀ ကျော်ခဲ့သော်လည်း နေ့စဉ်သုံးစွဲသူ နည်းပါးနေခဲ့ပါသည်။ ခြောက်ကပ်နေရာမှ ပြန်လည် စည်ကားလာခဲ့သည်။
ပြီးခဲ့သည့် ခြောက်လအတွင်း Threads သည် တသမတ်တည်း ကြီးထွားလာခဲ့ရာ ဇူကာဘတ်က Threads သည် နောက်ဆုံးတွင် Meta ၏ နောက်ထပ် အသုံးပြုသူ ဘီလီယံ ရှိသည့်အက်ပ်ဖြစ်လာနိုင်သည်ဟု ခန့်မှန်းထားသည်။
Meta ၏ အက်ပ်များတွင် Threads သည် တခုတည်းသော ကြော်ငြာ မပြသည့် အက်ပ် ဖြစ်ပါသည်။
အက်ပ်၏ ပုံမှန်သုံးစွဲသူဦးရေ လုံလောက်စွာ ကြီးထွားပြီးမှသာ ကုမ္ပဏီသည် ငွေရှာခြင်းကို အာရုံစိုက်မည်ဟု ဇူကာဘတ်က ပြောကြားခဲ့သည်။
တေလာဆွစ်ကို Threads တွင် အကောင့်ဖွင့်ပြီး နောက်ဆုံးထုတ်တေးစုကို လူသိများအောင် ဆောင်ရွက်ရန် Meta က စည်းရုံးနိုင်ခဲ့သည်။
သူမ၏ ပထမဦးဆုံး ပို့စ်ကို သန်းခေါင်ဝန်းကျင်မှာ စတင်ဖော်ပြပေးမည်ဖြစ်ပြီး ၎င်းပို့စ်ကို ပထမဆုံးမျှဝေသူထဲမှ တစ်ဦးဖြစ်ပါက Threads ပရိုဖိုင်တွင် ပြသထားရန် ၎င်းတေးစုအသစ်၏ အနုပညာလက်ရာအပေါ် အခြေခံ၍ ဖန်တီးထားသည့် တံဆိပ်တစ်ခု ရရှိမည်ဖြစ်သည်ဟု Threads က ကြေညာခဲ့ပါသည်။
#ICTGuide #AdvertisingGuide
Comments
Post a Comment