အရှေ့တောင်အာရှ ၃ နိုင်ငံတွင် မိုက်ခရိုဆော့ဖ် ဒေါ်လာ ဘီလီယံချီ ရင်းနှီးမြှုပ်နှံ
မိုက်ခရိုဆော့ဖ်၏ မျိုးဆက်သစ် AI နည်းပညာကို မြှင့်တင်ရန်အတွက် မိုက်ခရိုဆော့ဖ် စီအီးအို ဆက်တ်ယာနဒဲလ္လာ၏ အရှေ့တောင်အာရှ ခရီးစဉ်တွင် နောက်ဆုံးနိုင်ငံဖြစ်သော မလေးရှားတွင် Cloud နှင့် AI ရင်းနှီးမြှုပ်နှံမှု ရင်းဂစ် ၁၀.၅ ဘီလီယံ ပြုမည်ဟု မေလ ၂ ရက်တွင် နဒဲလ္လာက ကတိကဝတ်ပြုပါသည်။ ၃၂ နှစ်တာသမိုင်းတွင် မလေးရှားနိုင်ငံမှာ မိုက်ခရိုဆော့ဖ်၏ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှု ဖြစ်ပါသည်။
လာမည့် ၄ နှစ်တာကာလအတွင်း ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ပြီး နိုင်ငံ၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုကို အရှိန်မြှင့်တင်ပေးမည် ဖြစ်သည်။
နဒဲလ္လာသည် ယခုသီတင်းပတ်အစောပိုင်းတွင် အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ရာ အင်ဒိုနီးရှားတွင် အမေရိကန်ဒေါ်လာ ၁.၇ ဘီလီယံ ရင်းနှီးမြှုပ်နှံရန် ကြေညာခဲ့ပြီး ထိုင်းနိုင်ငံတွင် ပထမဆုံး ဒေသတွင်းဒေတာစင်တာ ဖွင့်လှစ်ရန် ကတိပြုခဲ့သည်။
မိုက်ခရိုဆော့ဖ်သည် မလေးရှားနိုင်ငံတွင် ၁၉၉၂ ခုနှစ်မှာ လုပ်ငန်းစတင်ခဲ့ပြီး ယခုအခါ ကွာလာလမ်ပူနှင့် ပီနန်ရှိ ၎င်း၏ရုံးများတွင် ဝန်ထမ်း ၂၀၀ ကျော်ကို ခန့်အပ်ထားကြောင်း ၎င်း၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
Source businesstimes
#ICTGuide
Comments
Post a Comment