ဟွာဝေးရဲ့ နောက်ဆုံးထုတ် စမတ်ဖုန်း Pura 70 စီးရီး မလေးရှားမှာ စတင်ရောင်းချ
ဟွာဝေးရဲ့ နောက်ဆုံးထုတ် စမတ်ဖုန်း Pura 70 စီးရီးကို မလေးရှားမှ SIRIM ထံမှ လက်မှတ် ရရှိပါတယ်။
SIRIM ဟာ အစိုးရ အဖွဲအစည်းStandard and Industrial Research Institute of Malaysia ဖြစ်ပြီး ၎င်းထံမှ လက်မှတ်ရရှိခြင်းဟာ မလေးရှားမှာ တရားဝင်ရောင်းချနိုင်ကြောင်း မီးစိမ်း ပြလိုက်တာ ဖြစ်ပါတယ်။
Huawei Technologies ရဲ့ လည်ပတ်စနစ် HarmonyOS Next ဟာ Android အက်ပ်တွေ သုံးလို မရတာကြောင့် လူသုံးများတဲ့ ဂူးဂဲရဲ့ အက်ပ်တွေ တခုမှ သုံးလိုမရတဲ့အတွက် မလေးရှားမှာ ရောင်းချဖို အခက်အခဲ ကြီးမားမှာ ဖြစ်ပါတယ်။
Pura 70 ကို ၄,၆၉၉ ရင်းဂစ်ဖြင့် ဈေးဖွင့်ထားပါတယ်။
ယမန်နှစ် နှစ်ကုန်ပိုင်းမှာ ဟာမိုနီအိုအက်စ်က ကမ္ဘာ့ဈေးကွက်မှာ ဈေးကွက် ဝေစု ၄% သာ ရှိပြီး အင်ထရွိက်က ၇၄% ရှိပါတယ်။ ဟာမိုနီအိုအက်စ် ရတဲ့ ၄% ကလည်းတကယ်တော့ တရုတ်ပြည်တွင်း သုံးစွဲမှု ဖြစ်ပါတယ်။
Mate 60 Pro ဖြင့် ဟွာဝေး အောင်ပွဲခံခဲ့ပြီး Pura 70 စီးရီးကို ဧပြီလလယ်မှာ စတင်ရောင်းချခဲ့ရာ ရောင်းအား တာထွက်ကောင်းခဲ့ပါတယ်။
ပြည်တွင်းဖြစ် Kirin 9010 ချစ်ပ်ကို အသုံးပြုထားပါတယ်။ Semiconductor Manufacturing International Corp SMIC မှ ထုတ်လုပ်ပေးပါတယ်။
Source scmp
Comments
Post a Comment