ပါကစ္စတန်မှာ ဆမ်ဆောင်း ပရီမီယံ စမတ်ဖုန်း Galaxy S24 စီးရီး ပစ္စည်းပြတ်
ပါကစ္စတန်မှာ စမတ်ဖုန်း သုံးစွဲသူ အများစုက ဈေးသက်သာတဲ့ စမတ်ဖုန်းတွေ အသုံးများကြပေမဲ့ ယခုနှစ်မှာတော့ ဆမ်ဆောင်း ပရီမီယံ စမတ်ဖုန်း Galaxy S24 စီးရီးကို အဝယ်များကြလို့ ပစ္စည်း ပြတ်တဲ့အထိ ဖြစ်သွားပါတယ်။
ဆမ်ဆောင်းက "ကျွန်ုပ်တို့၏ ဖောက်သည်များထံမှ ဝယ်လိုအားကို ဖြည့်ဆည်းရန် အပြင်းအထန် ကြိုးစားနေပြီး မကြာမီ ရောင်းချမှုများ ပြန်လည်စတင်နိုင်မည်ဟု ကျွန်ုပ်တို့မျှော်လင့်ပါသည်။"လို့ ကြေညာချက်ထုတ်ပြန်ပါတယ်။
Galaxy S24၊ S24+ နှင့် S24 Ultra တို့ဟာ Galaxy AI ပထမဆုံး ပါလာတဲ့ flagship စမတ်ဖုန်းများ ဖြစ်ပါတယ်။
ဉာဏ်ရည်တု Artificial Intelligence ကို AI လို့ အတိုကောက် ခေါ်ဝေါ်ကြပြီး Galaxy AI မှ AI ကိုတော့ ဆမ်ဆောင်းက ‘Advanced Intelligence' အဆင့်မြင့် ဉာဏ်ရည် လုပ်ဆောင်ချက် အင်္ဂါရပ်လို့ ဆိုပါတယ်။
ပါကစ္စတန်မှာ ရောင်းချတဲ့ Galaxy S24 စီးရီး စမတ်ဖုန်းအသစ် အများစုကို ပြည်တွင်း၌ Lucky Motor Corporation စက်ရုံမှာ တပ်ဆင်ထုတ်လုပ်ပါတယ်။
Samsung က ပါကစ္စတန် ကုမ္ပဏီ Lucky Motor Corporation နှင့် စာချုပ်ချုပ်ဆိုပြီးနောက် ၂၀၂၁ ခုနှစ်တွင် ပါကစ္စတန်မှာ ဖုန်းများကို စတင်တပ်ဆင်ထုတ်လုပ်ခဲ့ပါတယ်။ ပါကစ္စတန်မှာ ရောင်းချတဲ့ Galaxy ဖုန်းများရဲ့ ၈၀% ကို ပြည်တွင်းမှာ တပ်ဆင်ထုတ်လုပ်ဖို့ ရည်မှန်းချက် ထားရှိပါတယ်။
ပါကစ္စတန်မှာ မိုဘိုင်းဖုန်း သုံးစွဲသူ ၁၉၂ သန်းရှိပြီး မိုဘိုင်းဖုန်းသုံးစွဲသူ ကမ္ဘာ့အများဆုံး နိုင်ငံများစာရင်းမှာ ပဉ္စမအဆင့် ဖြစ်ပါတယ်။
Source SamMobile
#ICTGuide
Comments
Post a Comment