Play Store တွင် “အစိုးရ” တံဆိပ်အသစ် စတင်ဖော်ပြ
Google သည် အစိုးရဌာနဆိုင်ရာ တရားဝင် Android အက်ပ် ဟုတ်မှန်ကြောင်း အလွယ်တကူ သိနိုင်စေရန်အတွက် Play Store တွင် “အစိုးရ” “Government” တံဆိပ်အသစ်ကို စတင်ဖော်ပြပေးပါသည်။
၎င်းတံဆိပ်ကို တို့ထိလိုက်ပါက "တရားဝင်အစိုးရ — ဤအက်ပ်သည် အစိုးရအဖွဲ့အစည်းတစ်ခုနှင့် ဆက်နွှယ်နေကြောင်း Play အတည်ပြုထားသည်။" “Official government — Play verified this app is affiliated with a government entity.” ဟု အကျဉ်းရုံး တင်ပြချက် ပေါ်လာမည် ဖြစ်သည်။ အစိုးရ ရုံးဌာန ကိုယ်စားပြု အဆောက်အဦသင်္ကေတကိုလည်း ဖော်ပြပေးထားသည်။
ဩစတေးလျ၊ ဘရာဇီး၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ မက္ကဆီကို၊ တောင်ကိုရီးယား၊ ဗြိတိန်နှင့် အမေရိကန်နိုင်ငံများမှ အစိုးရအက်ပ်များကို အမှတ်အသားပြုပေးထားပါသည်။
ကနဦးအနေဖြင့် အက်ပ် ၃,၀၀၀ ကျော်ကို အမှတ်အသားပြုပေးထားသည်။
အစိုးရဌာနများသည် developer အကောင့် စတင်ဖွင့်သည့်အခါ တရားဝင် အစိုးရ အီးမေးလ်ကို အသုံးပြုပေးပါရန် ဂူးဂဲက တိုက်တွန်းထားသည်။
အစိုးရအက်ပ်အဖြစ် အယောင်ဆောင်ပြီး လိမ်စား၊ ရိုက်စားခြင်းများကို ကာကွယ်ပေးနိုင်ရန် ရည်ရွယ်ပါသည်။
Source google
#ICTGuide
Comments
Post a Comment