မလေးရှား ဗီဒီယိုဂိမ်းလုပ်ငန်းကဏ္ဍ ၂၀၂၇ ခုနှစ်တွင် စျေးကွက်ပမာဏ အမေရိကန်ဒေါ်လာ ၈၀၇ သန်းရှိမည်ဟု ခန့်မှန်းထား

 မလေးရှားနိုင်ငံ ဗီဒီယိုဂိမ်းလုပ်ငန်းကဏ္ဍသည် မကြာသေးမီအချိန်များအတွင်း သိသာထင်ရှားသော တိုးတက်မှုကို ရရှိလာပြီးနောက် ၂၀၂၄ ခုနှစ်တွင် ဝင်ငွေ အမေရိကန်ဒေါ်လာ ၆၄၉ သန်း ရရှိရန် ခန့်မှန်းထားကြောင်း ဒစ်ဂျစ်တယ်ဝန်ကြီး Gobind Singh Deo က ပြောကြားသည်။


ဗီဒီယိုဂိမ်းစျေးကွက်သည် ၂၀၂၄-၂၀၂၇ တွင် ၇.၅၅ ရာခိုင်နှုန်းအထိ နှစ်စဉ်တိုးတက်မှုနှုန်းကို ရရှိရန် မျှော်မှန်းထားပြီး ၂၀၂၇  ခုနှစ်တွင် စျေးကွက်ပမာဏ အမေရိကန်ဒေါ်လာ ၈၀၇ သန်းရှိမည်ဟု ခန့်မှန်းထားသည်။


Gobind ၏ အဆိုအရ မလေးရှားအစိုးရသည် ဂိမ်းလုပ်ငန်းကဏ္ဍကို မယိမ်းယိုင်သော ပံ့ပိုးကူညီမှုများ  ဘဏ္ဍာရေး မက်လုံးများနှင့် ဉာဏပစ္စည်း မူပိုင်ခွင့် (IP) အခွင့်အရေးများကို ကာကွယ်သည့် စည်းမျဉ်းဘောင်များ ပေးဆောင်ရန် ကတိပြုထားသည်။

Source  Bernama





Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်