အင်တူတူ စံနှုန်း၂၀၂၄ ဧပြီလ အမှတ်အများဆုံးရ စမတ်ဖုန်းများ

 

AnTuTu  Benchmark သည် အလုံးစုံ လုပ်ဆောင်နိုင်စွမ်းအပေါ် အခြေခံ၍ စမတ်ဖုန်းများကို ယထာဘူတကျကျ အဆင့်သတ်မှတ်ပေးရန် CPU စွမ်းဆောင်ရည်၊ ဂရပ်ဖစ်လုပ်ဆောင်နိုင်မှုစွမ်းရည်၊ မှတ်ဉာဏ်စီမံခန့်ခွဲမှု ထိရောက်မှု၊ ဘက်စုံလုပ်ဆောင်နိုင်သော စွမ်းဆောင်ရည်နှင့် သိုလှောင်မှုအမြန်နှုန်းစသည့် ရှုထောင့်အမျိုးမျိုးမှ စမတ်ဖုန်းတစ်လုံး၏ စွမ်းဆောင်ရည်များကို အကဲဖြတ်သည့် ရေပန်းစားသော စံသတ်မှတ်‌ပေးသည့် အက်ပ်တစ်ခုဖြစ်သည်။

AnTuTu သည် တရုတ်ပြည်တွင်း ရောင်းချသည့် Andriod စမတ်ဖုန်းများကို အဆင့်သတ်မှတ်ပေးသည့် အစီရင်ခံစာကိုလည်း ထုတ်ပြန်သည်။


၂၀၂၄ ဧပြီ စာရင်းတွင် ဂိမ်းကစားသူများအတွက် ဦးတည်ထုတ်လုပ်ထားသည့် Asus ROG Phone 8 Pro သည် အမှတ်အများဆုံးဖြင့် ပထမ ရသည်။ iQOO 12 သည် ဒုတိယ ရသည်။ တတိယနေရာကို Red Magic 9 Pro+ ရရှိသည်။

1 Asus ROG Phone 8 Pro

2 ¡Q00 12

3 Red Magic 9 Pro+

4 vivo X Fold3 Pro

5 life X100 Pro

6 ¡QOO 12 Pro

7 ¡QOO Neo9 Pro

8 OPPO Find X7 Ultra

9 life X100

10 OnePlus 12

စမတ်ဖုန်းတစ်လုံးကို ရွေးချယ်ရာတွင် AnTuTu စံနှုန်းအမှတ်များသည် ထည့်သွင်းစဉ်းစားရမည့် အချက်တစ်ခုမျှသာ ဖြစ်သည်။

စမတ်ဖုန်း အသုံးပြုသူ၏ လိုအပ်ချက်နှင့် ဦးစားပေးမှုများကိုလည်း ထည့်သွင်းချင့်ချိန်ပေးရမည် ဖြစ်သည်။ ဥပမာ ကင်မရာ ကောင်းဖို့ ဦးစားပေး ရွေးချယ်ခြင်း

#ICTGuide 

Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်