Starlink ဂြိုဟ်တု အင်တာနက်ဆက်သွယ်ရေး အာဖရိကမှ ၃ နိုင်ငံမှာ တားမြစ်ထား
Starlink ဂြိုဟ်တု အင်တာနက်ဆက်သွယ်ရေးကို အာဖရိကမှ ၃ နိုင်ငံမှာ တားမြစ်ထားပါတယ်။
ဇင်ဘာဘွေ၊ အမျိုးသား စာပို့/ဆက်သွယ်ရေး အာဏာပိုင်က Starlink ဂြိုဟ်တု အင်တာနက်ဆက်သွယ်ရေးကို တရားမဝင်ဆက်သွယ်ရေးအဖြစ် ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။အလားတူပင် ဘော့ဆွာနာနှင့် တောင်အာဖရိကတို့တွင်လည်း ပိတ်ပင်ထားပါတယ်။
Starlink kits များကို ဇင်ဘာဘွေတွင် $1,200 ဖြင့် လက်ရှိရောင်းချလျက်ရှိတယ်လို့ TechCentral က သတင်းဖော်ပြပါတယ်။ Starlink ပစ္စည်းများကို တရားမဝင် တင်သွင်းပြီး ရောင်းချနေကြတာ ဖြစ်ပါတယ်။
ဂြိုလ်တုအင်တာနက်သည် ကြိုးတပ်နှင့် ဆယ်လူလာအင်တာနက်ထက် ထိန်းချုပ်ရပိုခက်ခဲတာကြောင့် အာဏာပိုင်တို့က မလိုလားကြတာကြောင့် တားမြစ်ထားတာလို့ သုံးသပ်ကြပါတယ်။
Source notebook check
Comments
Post a Comment