ဗီယက်နမ်သည် Apple ထံ ပစ္စည်းပေးသွင်းသူ အရေအတွက် အရှေ့တောင်အာရှတွင် အများဆုံး ရှိသည့်နိုင်ငံဖြစ်လာ
ယမန်နှစ်တွင် ဗီယက်နမ်သည် Apple ထံ ပစ္စည်းပေးသွင်းသူ အရေအတွက် အရှေ့တောင်အာရှတွင် အများဆုံး ရှိသည့်နိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်တွင် စတုတ္ထ အများဆုံး နိုင်ငံဖြစ်လာပါသည်။
မကြာသေးမီက Apple မှ ကြေညာခဲ့သော ၎င်းထံ ပစ္စည်းပေးသွင်းသူစာရင်းအရ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၃၀ တွင် ကုန်ဆုံးခဲ့သော အက်ပ်ပဲ၏ ၂၀၂၃ ဘဏ္ဍရေးနှစ်တွင် ဗီယက်နမ်နိုင်ငံမှာ အက်ပ်ပဲထံ ပစ္စည်း ပေးသွင်းသူ ၃၅ ဦး ရှိခဲ့သည်။
အရှေ့တောင်အာရှတွင် ထိုင်း (၂၄ ဦး) နိုင်ငံ၊ မလေးရှား (၁၉ ဦး) နှင့် ဖိလစ်ပိုင် (၁၇ ဦး) တိုက ဗီယက်နမ်နောက်မှာ ရှိနေကြသည်။
တစ်ကမ္ဘာလုံးအနေဖြင့်တရုတ် (၁၅၈ ဦး)၊ ထိုင်ဝမ် (၄၉ ဦး) နှင့် ဂျပန် (၄၄ဦး) တိုနောက်တွင် ဗီယက်နမ် ရှိနေပါသည်။
၂၀၁၆ မှ ၂၀၂၃ ခုနှစ်ကာလအတွင်း ဗီယက်နမ်သို Foxconn၊ Luxshare နှင့် အခြားပစ္စည်းပေးသွင်းသူများ ရောက်လာခဲ့ကြရာ အက်ပ်ပဲထံ ပစ္စည်း ပေးသွင်းသူအရေအတွက် တိုးလာခဲ့သည်။
ဗီယက်နမ်တွင် အက်ပ်ပဲ၏ AirPods၊ iPad နှင့် Apple Watch အတွက် အစိတ်အပိုင်းများ ထုတ်လုပ်သည့် စက်ရုံများ ရှိပါသည်။
အက်ပ်ပဲ ၏ ထောက်ပံ့ရေးကွင်းဆက်တွင် တရုတ်နိုင်ငံသည် ထိပ်ဆုံးတွင် ရှိနေပြီး အက်ပ်ပဲ ထုတ်လုပ်မှု၏ ၄၂% ရှိသည်။
Source vnexpress
Comments
Post a Comment