အင်ဒိုနီးရှားတွင် စတားလင့် စတင်

 ဂြိုဟ်တုအင်တာနက်ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း Starlink စီအီးအို အီလွန်မတ်စ်သည် အင်ဒိုနီးရှားနိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိလာပြီး တနင်္ဂနွေနေ့ (မေ ၁၉) မွန်းလွဲပိုင်းတွင် ဘာလီကျွန်း မြို့တော် Denpasar ရှိ ဆေးခန်းတစ်ခုတွင် Starlink ဂြိုဟ်တုအင်တာနက်ဆက်သွယ်ရေး ဝန်ဆောင်မှုကို စတင်ဖွင့်လှစ်ခဲ့သည်။

ဆေးခန်း ၃ ခုဖြင့် စတားလင့်ကို အစမ်းသုံးကြည့်ခဲ့ပြီးနောက် အင်ဒိုနီးရှားမှာ စီးပွားဖြစ် လုပ်ကိုင်ရန် မေလဆန်းတွင် ခွင့်ပြုခဲ့သည်။


အင်ဒိုနီးရှားအစိုးရသည် နိုင်ငံတစ်ဝှမ်းရှိ အစိုးရပိုင် ဆေးခန်း ၁၀,၀၀၀ အတွက် Starlink ၏ ဝန်ဆောင်မှုများကို အသုံးပြုရန် ကုန်ကျစရိတ်အတွက် အသုံးစရိတ် ချပေးထားသည်။

ဆေးခန်းများမှ ဒေတာများကို အမျိုးသား ကျန်းမာရေးစနစ် ဆာဗာထံ စတားလင့် ဂြိုဟ်တုအင်တာနက် ဆက်သွယ်ရေးဖြင့် ပေးပို့မည် ဖြစ်သည်။

မတ်စ်သည် အင်ဒိုနီးရှားကျန်းမာရေးဝန်ကြီး Budi Gunadi Sadikin နှင့်အတူ ကျန်းမာရေးကဏ္ဍဆိုင်ရာ သဘောတူညီချက်ကိုလည်း လက်မှတ်ရေးထိုးခဲ့သည်။

အရှေ့တောင်အာရှတွင် Starlink ကို ဖိလစ်ပိုင်နှင့် မလေးရှားတို့တွင် ရရှိနေပြီဖြစ်သည်။ အင်ဒိုနီးရှားသည် တတိယမြောက် ဖြစ်သည်။

Source AFP

#ICTIndustryGuide 

Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်