ဟွာဝေး စမတ်ဖုန်း Pura 70 ပုံပြင်သည့် ပြဿနာ တက်နေ

 ဟွာဝေး၏ နောက်ဆုံးထွက် စမတ်ဖုန်း Pura 70 စီးရီးတွင် AI ဖြင့် ပုံမှ အရာဝတ္ထုများကို ဖယ်ရှားသည့် လုပ်ဆောင်ချက်လည်း ပါရှိရာ၌ အဝတ်အစားကို ဖယ်ရှားပြီး အဝတ်အစားအောက်မှ ကိုယ်အင်္ဂါအစိတ်အပိုင်းများကို မူရင်းမူလသဖွယ် ပုံဖော်ပေးသည်။

 

တရုတ်လူမှုမီဒီယာပလက်ဖောင်း Weibo တွင် ၎င်းAI စွမ်းရည်ပြသသည့် ဗီဒီယိုများကို လွှင့်တင်နေကြသည်။  ဗီဒီယိုများသည် ဖုန်း၏ "smart AI retouching" အင်္ဂါရပ်ကို အသုံးပြု၍ အဝတ်အစား အလွယ်တကူ ဖယ်ရှားနိုင်ပုံကို ပြသထားသည်။


ဟွာဝေးက ၎င်းကိစ္စရပ်ကို အသိအမှတ်ပြုခဲ့ပြီး လာမည့် စနစ်အပ်ဒိတ်များတွင် အဆိုပါပြဿနာများကို ဖြေရှင်းပေးမည်ဖြစ်ကြောင်း ဖုန်းသုံးစွဲသူများအား အာမခံထားသည်။


ထိုကဲ့သို့ ဓာတ်ပုံများကို ပြောင်းလဲနိုင်သည့်စွမ်းရည်သည် လူ့ကျင့်ဝတ် မစောင့်ထိန်းဘဲ  AI နည်းပညာကို မည်သို့ အလွယ်တကူဖြင့် အလွဲသုံးစားလုပ်နိုင်ကြောင်း ပြသနေသည်။

သို့ဖြစ်ရာ ဟွာဝေးသည် အမြန်ဆုံး ကိုင်တွယ် ဖြေရှင်းပေးရမည်ဟု တောင်းဆိုနေကြပါသည်။



 Source gizmochina


Comments

Popular posts from this blog

အဲဒီအလုပ်တွေက ပြန်ရောက်မလာတော့ဘူး

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင်

Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးအပ်လျက်ရှိတဲ့ Samsung Week ပရိုမိုးရှင်းကြီး