Polestar ပထမဆုံး စမတ်ဖုန်း ထုတ်လုပ်

 Polestar သည် ၁၉၉၆ ခုနှစ်တွင် ဆွီဒင်ပြိုင်ကားအဖွဲ့ Flash Engineering အဖြစ် စတင်ခဲ့သော ကားကုမ္ပဏီတစ်ခုဖြစ်သည်။

၎င်းကို နာမည်ပြောင်းပြီး နောက်ပိုင်းတွင် Polestar Racing ဖြစ်လာခဲ့သည်။ Volvo ကားများကို ကားပြိုင်ပွဲများအတွက် ပြိုင်ကားဖြစ်အောင် မွမ်းမံပြင်ဆင်ပေးခဲ့သည်။ 

Volvo သည် Polestar ကို ၂၀၁၅  ခုနှစ်တွင် တရားဝင် ၀ယ်ယူခဲ့သည်။

၂ နှစ်အကြာ ၂၀၁၇ ခုနှစ်တွင် သီးခြားရပ်တည်သော ကားအမှတ်တံဆိပ်ဖြစ်လာခဲ့ပြီး လျှပ်စစ်ကားစစ်စစ် ထုတ်လုပ်ရေးကို စူးစိုက် လုပ်ကိုင်သည်။ ၂၀၁၇ ခုနှစ် အောက်တိုဘာလတွင် လျှပ်စစ်ကားစစ်စစ် Polestar 1  မော်ဒယ်ကို ထုတ်လုပ်ခဲ့သည်။ 

ယခုနှစ်တွင် နောက်မှန်ချပ် မပါတော့သည့်  Polestar 4 မော်ဒယ်ကို ထုတ်လုပ်သည်။ 



ယခုနှစ်တွင် ဗော်လ်ဗိုက Polestar တွင် ပိုင်ဆိုင်သော ရှယ်ယာများကို ရောင်းချပြီး ရင်းနှီးမြှုပ်နှံမှုများကို ပြန်ထုတ်ယူခဲ့ရာ တရုတ်မှ Geely က ဝယ်ယူခဲ့သည်။ Geely သည် ရှယ်ယာအများစု ပိုင်ဆိုင်သူ ဖြစ်လာသည်။ 

Geely သည် တချိန်က တရုတ်ပြည်တွင် ထိပ်တန်း စမတ်ဖုန်း ထုတ်လုပ်သူ ဖြစ်ခဲ့ဖူးသည့် Meizu ကို ဝယ်ယူပိုင်ဆိုင်ထားသည်။ Meizu သည် ၂၀၁၁ ခုနှစ်ကတည်းက စမတ်ဖုန်းများ ထုတ်လုပ်ခဲ့သည့် ကုမ္ပဏီ ဖြစ်သည်။ 

ယခုအခါ Polestar က စမတ်ဖုန်း ထုတ်လုပ်တော့မည် ဖြစ်ကြောင်း ကြေညာခဲ့ပြီး ဖုန်းပုံများ ဖြန့်ဝေခဲ့သည်။ ဖုန်းအကြောင်း အချက်အလက်များကိုမူ ထုတ်ပြန်ခြင်း မပြုသေးပါ။ လာမည့် ရက်ပိုင်းအတွင်း မိတ်ဆက် ရောင်းချရန် စီစဉ်ထားသည်။ 




Polestar ကို Geely  က ထိန်းချုပ်ထားပြီး Meizu  ကိုလည်း Geely  က ပိုင်ဆိုင်ထားသဖြင့်  Polestar စမတ်ဖုန်းကို Meizu  က ဖန်တီးပေးသည်ဟု ယူဆရပေသည်။ 

Polestar ၏ စီအီးအို Thomas Ingenlath က  Polestar ၏ ရည်မှန်းချက်သည် Apple ၑ iPhone ၊ Google ၏ Pixel ၊ Oppo တိုကို ယှဉ်ပြိုင်ရန် လုံးဝ မရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။  ယခုအခါ အီးဗီနှင့် ဖုန်းအက်ပ်တို့ တွဲဖက် သုံးစွဲလာကြသဖြင့် ဖုန်းနှင့် ကား နှစ်ခုအကြား အချိတ်အဆက် ဖန်တီးပေးထားရန်သာ ရည်ရွယ်ကြောင်း ပြောကြားခဲ့ပါသည်။

Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်