အသုံးပြုသူ customer များ အခမဲ့ကျန်းမာရေးဆွေးနွေးတိုင်ပင်မှုများ ရယူနိုင်ရန်အတွက် ‘၇၈၈၇’ သို့ဖုန်းခေါ်ဆိုပြီး Telemedicine Campaign တွင် ပါဝင်ရန် အက်တမ် (ATOM) က တိုက်တွန်း
အသုံးပြုသူ customer များ အခမဲ့ကျန်းမာရေးဆွေးနွေးတိုင်ပင်မှုများ ရယူနိုင်ရန်အတွက် ‘၇၈၈၇’ သို့ဖုန်းခေါ်ဆိုပြီး Telemedicine Campaign တွင် ပါဝင်ရန် အက်တမ် (ATOM) က တိုက်တွန်း
● အက်တမ် (ATOM) သည် Trust Oo Co., Ltd နှင့်အတူပူးပေါင်းကာ အက်တမ် (ATOM) အသုံးပြုသူ customer များအတွက် အခမဲ့အွန်လိုင်းမှတစ်ဆင့် ကျန်းမာရေးဆွေးနွေးဝန်ဆောင်မှု အကြောင်းအရာနှင့်ပတ်သက်၍ ပိုမိုသိရှိနိုင်စေရန် ရည်ရွယ်ပြီး ကမ်ပိန်းအစီအစဉ်တစ်ခု စတင်ခဲ့ပါသည်။
● (၅) လတာကြာမြင့်မည့် ယခုကမ်ပိန်းကာလအတွင်း မှန်ကန်တိကျသော ကျန်းမာရေးဆိုင်ရာ ဆွေးနွေးတိုင်ပင်မှုများအတွက် '၇၈၈၇' သို့ဖုန်းခေါ်ဆိုပြီး အွန်လိုင်းမှ တစ်ဆင့် ကျန်းမာရေးဆွေးနွေးဝန်ဆောင်မှုကို ရယူသည့် အက်တမ် (ATOM) အသုံးပြုသူ customer များကို မေတ္တာဆုလက်ဆောင်များ ပေးအပ်သွားမည်ဖြစ်သည်။
● လစဉ် မဲနှိုက်ရွေးချယ်ပြီး ပေးအပ်သွားမည့် ဆုလက်ဆောင်များတွင် ကျန်းမာရေးဖြည့်စွက်စာများ၊ မိုဘိုင်းဖုန်းများနှင့် မိသားစုကျန်းမာရေးအတွက် အသုံးဝင်မည့် ဆေးဝါးပစ္စည်းကိရိယာများပါဝင်သည့် ဆေးသေတ္တာဘူးများ စသည်တို့ ပါဝင်သည်။ ရွေးချယ်ခံရသော ကံထူးရှင် (၂) ဦးကို အထူးဆေးဝါးကုသမှု အထောက်အပံ့များ ပေးအပ်သွားမှာဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G VoLTE ဝန်ဆောင်မှုပေးလျက်ရှိသည့် အက်တမ် (ATOM) သည် Trust Oo Co., Ltd. (Trust Oo) နှင့်လက်တွဲပူးပေါင်းပြီး အက်တမ် (ATOM) အသုံးပြုသူ customer များရရှိနိုင်မည့် အခမဲ့ အွန်လိုင်းမှ တစ်ဆင့် ကျန်းမာရေးဆွေးနွေးဝန်ဆောင်မှု အကြောင်းအရာနှင့်ပတ်သက်၍ ပိုမိုသိရှိစေနိုင်ရန်အတွက် ရည်ရွယ်၍ ကမ်ပိန်းတစ်ခုစတင်လိုက်ပြီဖြစ်ကြောင်း ဝမ်းမြောက်ဂုဏ်ယူစွာဖြင့် အသိပေးကြေညာအပ်ပါသည်။ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် Trust Oo Co., Ltd. နှင့်လက်တွဲပူးပေါင်းခဲ့ပြီး ထိုလက်တွဲပူးပေါင်းမှုမှတစ်ဆင့် နိုင်ငံတစ်ဝှမ်းရှိ အက်တမ် (ATOM) အသုံးပြုသူ customer များအတွက် '၇၈၈၇' သို့ ဖုန်းခေါ်ဆိုရုံဖြင့် (၂၄) နာရီ၊ (၇) ရက်ပတ်လုံး အကန့်အသတ်မရှိ ကျန်းမာရေးဆိုင်ရာ ဖုန်းဖြင့် တိုင်ပင်ဆွေးနွေးဝန်ဆောင်မှုများကို ပေးအပ်လျက်ရှိသည်။ မြန်မာနိုင်ငံတစ်ဝှမ်းရှိ လူပေါင်း ၁၃၀,၀၀၀ ကျော်အတွက် အခမဲ့ ကျန်းမာရေးဆိုင်ရာ တိုင်ပင်ဆွေးနွေးမှုများကို ပေးအပ်သွားနိုင်ဖို့အတွက် မြန်မာငွေ ကျပ် ၁၁၆ သန်းကျော် ရင်းနှီးမြှုပ်နှံခဲ့ပြီးဖြစ်သည်။
ယခုကမ်ပိန်းဆောင်ရွက်ချက်သည် တာဝန်သိ လူမှုအကျိုးပြု (Corporate Social Responsibility) အစီအစဉ်တစ်ခုဖြစ်သော ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများကို ဒစ်ဂျစ်တယ်စနစ်ကူးပြောင်းခြင်းကဏ္ဍ၏ ဆောင်ရွက်ချက်တစ်စိတ်တစ်ပိုင်းဖြစ်ပြီး အလှမ်းဝေးသော လူမှုအသိုင်းအဝိုင်းများအတွက် ယခင်ကထက် ပို၍ ကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမီ လွယ်ကူစွာရရှိနိုင်ရန်ဆိုသော ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံတစ်ဝှမ်းရှိ အက်တမ် (ATOM) အသုံးပြုသူ customer များသည် ၎င်းတို့၏ အက်တမ် (ATOM) ဖုန်းနံပါတ်ဖြင့် ‘၇၈၈၇’ ကိုနှိပ်ရုံဖြင့် Trust Oo မှ ကျန်းမာရေးဝန်ဆောင်မှုများကို တိုက်ရိုက်ချိတ်ဆက်ရယူနိုင်ပါသည်။
အက်တမ် (ATOM) နှင့် Trust Oo ပူးပေါင်း၍ ပေးအပ်လျက်ရှိသော အွန်လိုင်းမှ တစ်ဆင့် ကျန်းမာရေးဆွေးနွေးဝန်ဆောင်မှုတွင် ရောဂါလက္ခဏာအခြေခံ တိုင်ပင်ဆွေးနွေးခြင်း၊ မျိုးပွားမှုဆိုင်ရာ ကျန်းမာရေး၊ အလှအပနှင့် ကျန်းမာရေး လူနေမှုပုံစံ၊ နှိုင်းယှဉ်ဝေဖန်မှုများမရှိသော ဆွေးနွေးအကြံပေးနားထောင်မှု၊ နေ့စဉ် ကျန်းမာရေးဆိုင်ရာ အကြံပြုချက်များ၊ ဆေးရုံနှင့် ဆေးခန်း လမ်းညွှန်များအစရှိသည့် ကျန်းမာရေးဆိုင်ရာ တိုင်ပင်ဆွေးနွေးမှုများစွာ ပါဝင်သည်။ ဆရာဝန်နှင့်လူနာကြားမှ ဆွေးနွေးမှု လျှို့ဝှက်ချက်ကို တင်းကြပ်စွာ စောင့်ထိန်းထားလျက်ရှိပြီး ဆေးမှတ်တမ်းများကိုလည်း Trust Oo မှ အပြည့်အဝကာကွယ်ထားသည်။
“အွန်လိုင်းမှတစ်ဆင့် ကျန်းမာရေး ဆွေးနွေးဝန်ဆောင်မှုဆိုတာ လူသားအားလုံးကို ဆေးဘက်ဆိုင်ရာ ကျန်းမာရေးအကြံဉာဏ်များ စောစောစီးစီး ရယူအောင် တိုက်တွန်းခွန်အားပေးတဲ့ ကိရိယာကောင်းတစ်ခုဖြစ်ပြီး အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးတွေကို ကာကွယ်ပေးနိုင်မယ့်အပြင် ကိုယ်စိတ်နှလုံးကျန်းမာပျော်ရွှင်ရေးကိုလည်း တိုးတက်စေနိုင်ပါတယ်။ ဒါကြောင့် ‘မျှဝေခံစား အက်တမ်၏နှလုံးသား’ ဆောင်ပုဒ်အောက်မှာ ကျွန်တော်တို့ အက်တမ် (ATOM) က လက်ရှိဆောင်ရွက်လျက်ရှိတဲ့ လူမှုအကျိုးပြုလုပ်ငန်းများရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ အခုလိုမျိုး (၂၄) နာရီ၊ ပိတ်ရက်မရှိ အခမဲ့ တယ်လီဖုန်းနဲ့ ကျန်းမာရေးဆွေးနွေးဝန်ဆောင်မှုများ ပေးအပ်ရတဲ့အတွက် ဂုဏ်ယူပီတိဖြစ်မိပါတယ်။ အခုဆိုရင် ကျွန်တော်တို့ အက်တမ် (ATOM) က Trust Oo နဲ့ပူးပေါင်းပြီး မြို့ပြနဲ့ ကျေးလက်ဒေသများကြားမှာရှိနေတဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ပတ်သက်ပြီး လက်လှမ်းမီမှု ကွာဟချက်ကို ပေါင်းကူးတံတားသဖွယ် လျော့နည်းအောင်ဆောင်ရွက်ပေးနေရင်း နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ လူမှုအသိုင်းအဝိုင်းများအားလုံး တန်းတူညီမျှ ကျန်းမာရေးစောင့်ရှောက်မှုကို ရရှိစေနိုင်ဖို့ ဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်တော်တို့ရဲ့ အက်တမ် (ATOM) အသုံးပြုသူ customer များအားလုံး အခုကျွန်တော်တို့ ပေးအပ်ထားတဲ့ အခမဲ့ ကျန်းမာရေးဆွေးနွေးဝန်ဆောင်မှုကို အသုံးပြုရင်း အားလုံးအတွက် အကျိုးရှိမယ့် ဒီကမ်ပိန်းမှာ ပါဝင်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်” ဟု အက်တမ် (ATOM) ၏ အမှုဆောင်အရာရှိချုပ် Mr. Muhammad Ziaullah Siddiqui က မျှဝေပြောကြားခဲ့သည်။
Telemedicine ကမ်ပိန်း အသေးစိတ် အကြောင်းအရာများနှင့် ရင်ခုန်စိတ်လှုပ်ရှားစရာ ဆုလက်ဆောင်များ
အက်တမ် (ATOM) နှင့် Trust Oo တို့ပူးပေါင်းပြီး ၂၀၂၄ ခုနှစ်၊ မေလ (၁) ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့အထိ (၅) လကြာ ကမ်ပိန်းကို ပြုလုပ်သွားမည်ဖြစ်သည်။ ကမ်ပိန်းကာလအတွင်း အက်တမ် (ATOM) အသုံးပြုသူ customer များသည် အွန်လိုင်းမှ တစ်ဆင့် အခမဲ့ကျန်းမာရေးဆွေးနွေးဝန်ဆောင်မှုကို ရယူအသုံးပြုပြီး ရင်ခုန်စိတ်လှုပ်ရှားစရာ မေတ္တာလက်ဆောင်များ ကံထူးနိုင်ရန်အတွက် ကမ်ပိန်းတွင် ဝင်ရောက်ပါဝင်နိုင်ပါသည်။
လစဉ်မေတ္တာဆုလက်ဆောင်များ
အက်တမ် (ATOM) အသုံးပြုသူ customer များအနေဖြင့် '၇၈၈၇' ကို ဖုန်းခေါ်ဆိုပြီး မှန်ကန်တိကျသော ကျန်းမာရေးဆွေးနွေးတိုင်ပင်မှုများကို တစ်မိနစ်ခန့်ရယူရုံဖြင့် လစဉ်မေတ္တာဆုလက်ဆောင်များကို ရရှိနိုင်သည့် အခွင့်အရေးရရှိသွားမည်ဖြစ်သည်။ အက်တမ် (ATOM) နှင့် Trust Oo သည် လတိုင်း ကံထူးရှင် (၁၁) ဦးကို မဲနှိုက်ရွေးချယ်သွားမည်ဖြစ်ပြီး (ကမ်ပိန်းကာလ ၅ လအတွင်း စုစုပေါင်း ကံထူးရှင် ၅၅ ဦး) ထိုကံထူးရှင်များသည် ကျန်းမာရေးဖြည့်စွက်စာများ၊ မိုဘိုင်းဖုန်းများ၊ မိသားစုကျန်းမာရေးအတွက် Oximeter၊ သွေးပေါင်ချိန်စက်၊ အဖျားတိုင်း သာမိုမီတာ၊ ရှေးဦးသူနာပြုဆေးဝါးများနှင့် ပေါင်ချိန်စက်တို့ပါဝင်သည့် ဆေးသေတ္တာဘူးများစသည့် မေတ္တာဆုလက်ဆောင်များကို ရရှိသွားမည်ဖြစ်သည်။
အထူးဆေးဝါးကုသမှု အထောက်အပံ့များ
အက်တမ် (ATOM) အသုံးပြုသူ customers များအနေနှင့် ၎င်းတို့၏ကျန်းမာရေးနှင့် ပတ်သက်ပြီး ငွေကြေးပိုင်းဆိုင်ရာ အကျပ်အတည်းကြုံတွေ့နေပါက '၇၈၈၇' ကိုခေါ်ဆိုပြီး အထူးဆေးဝါးကုသမှု အထောက်အပံ့ရယူရန် အတွက် စာရင်းပေးသွင်းနိုင်ပါသည်။ ယခုအစီအစဉ်သည် ကမ်ပိန်းကာလအဆုံးတွင် အက်တမ် (ATOM) အသုံးပြုသူ customer (၂) ဦးအတွက် တစ်ကြိမ်စီ အထူးဆေးဝါးကုသမှု အထောက်အပံ့များ ပေးအပ်သွားမည့်အစီအစဉ်ဖြစ်ပါသည်။ ယခုအစီအစဉ်တွင်ပါဝင်လိုပါက အက်တမ် (ATOM) အသုံးပြုသူ customers များသည် ကမ်ပိန်းကာလအတွင်း မည်သည့်လတွင်မဆို '၇၈၈၇' သို့ အနည်းဆုံး ဖုန်း (၃) ကြိမ်ခေါ်ဆိုရပြီး တစ်မိနစ်ကြာ အမှန်စင်စစ် ကျန်းမာရေးတိုင်ပင်ဆွေးနွေးမှု ရယူရမည်ဖြစ်သည်။
ငွေရေးကြေးရေးခက်ခဲနေမှုနှင့် ဆေးခန်းပြရန်လိုအပ်သည့် အခြေအနေပေါ်တွင် မူတည်ပြီး အထူးဆေးဝါးကုသမှု အထောက်အပံ့ ရရှိနိုင်မည့်သူ (၂) ဦးကို ဂရုတစိုက် စီစစ်ရွေးချယ်သွားမည်ဖြစ်ပါသည်။ ကံထူးရှင်များကို မြန်မာငွေကျပ် သိန်း ၅၀ (ကိန်းဂဏန်းဖြင့် မြန်မာငွေကျပ် ၅,၀၀၀,၀၀၀) နှင့် ညီမျှသောဆေးကုသခွင့် ပေးအပ်သွားမည် ဖြစ်ပါသည်။
"လွန်ခဲ့တဲ့ (၂) နှစ်ကျော်က အက်တမ် (ATOM) နဲ့ Trust Oo တို့ ပူးပေါင်းပြီး မြန်မာ့လူမှုအသိုင်းအဝန်းအတွက် ကျွန်တော်တို့ရဲ့ '၇၈၈၇' ကျန်းမာရေးဆိုင်ရာ ဖုန်းဖြင့်တိုင်ပင်ဆွေးနွေးဝန်ဆောင်မှုကနေတစ်ဆင့် အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုဝန်ဆောင်မှုတွေကို ပံ့ပိုးပေးခဲ့ပါတယ်။ ဖုန်းကတစ်ဆင့် ကျန်းမာရေးဝန်ဆောင်မှုကို ဘယ်လိုနေရာဒေသမျိုးမှာပဲ ရောက်နေပါစေ၊ ဘယ်လိုမျိုး စီးပွားရေးအတားအဆီးတွေ ရှိနေပါစေ မြန်မာပြည်သူပြည်သားတွေအနေနဲ့ အခုလိုမျိုး အရေးပါတဲ့ ကျန်းမာရေးတိုင်ပင်ဆွေးနွေးချက်တွေကို Telemedicine ကနေ သေချာပေါက် ရယူနိုင်ပါတယ်။ ကျွန်တော်တို့ အက်တမ် (ATOM) က အသုံးပြုသူ customer တွေကို ဆေးဘက်ဆိုင်ရာအကြံဉာဏ်တွေ အလွယ်တကူ ရယူဖို့နဲ့ ကျန်းမာရေးဆိုင်ရာ အသိပညာပေးရေးကို မြှင့်တင်နိုင်ဖို့သာမက ဆေးကုသမှုခံယူတဲ့အခါမှာ ရင်ဆိုင်ဖြေရှင်းနေရတဲ့ ငွေကြေးအခက်အခဲတွေနဲ့ပတ်သက်ပြီး ကူညီထောက်ပံ့ပေးတဲ့ ကျွန်တော်တို့ရဲ့ အခုကမ်ပိန်း အစီအစဉ်မှာ ပါဝင်ကြဖို့ကို တိုက်တွန်းလိုက်ရပါတယ်" ဟု Trust Oo ၏ တည်ထောင်သူနှင့် အုပ်ချုပ်မှုဒါရိုက်တာ ဒေါက်တာ စွမ်းဆောင်ဦး က ပြောကြားခဲ့သည်။
အက်တမ် (ATOM) ၏ ကော်ပရိတ်ရေးရာအရာရှိချုပ် ဦးသိန်းဟုတ် က "အက်တမ် (ATOM) က Trust Oo နဲ့ ပူးပေါင်းပြီး အက်တမ် (ATOM) အသုံးပြုသူ customers တွေအတွက် အခုကမ်ပိန်းကနေတစ်ဆင့် ကျွန်တော်တို့ရဲ့ အခမဲ့ ကျန်းမာရေးဆိုင်ရာ ဖုန်းဖြင့်တိုင်ပင်ဆွေးနွေးရေးဝန်ဆောင်မှုအကြောင်း ပိုမိုသိရှိစေဖို့အတွက် တိုးမြှင့်ဆောင်ရွက်ရင်း လက်လှမ်းမီတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေအကြောင်းကို အသိပညာပေးရုံသာမက ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေနဲ့ပါ တက်တက်ကြွကြွနဲ့ ဆွေးနွေးတိုင်ပင်နိုင်ဖို့အတွက်လည်း ကျွန်တော်တို့လုပ်ဆောင်လျက်ရှိပါတယ်။ အခုလိုမျိုး လုပ်ဆောင်ချက်တွေကနေတစ်ဆင့် မြန်မာနိုင်ငံတစ်ဝှမ်း မှာရှိတဲ့ လူမှုအသိုင်းအဝန်းတွေနဲ့ ကျွန်တော်တို့ရဲ့ အသုံးပြုသူ customers တွေရဲ့ ကိုယ်စိတ်နှလုံးကျန်းမာပျော်ရွှင်ရေးကို တိုးတက်ကောင်းမွန်လာစေဖို့အတွက် ကျွန်တော်တို့က စဉ်ဆက်မပြတ် အမြဲကြိုးစားအားထုတ်နေမှာပါ" ဟုလည်း ပြောကြားခဲ့သည်။
လစဉ်မဲနှိုက်ရွေးချယ်ထားသော ကံထူးရှင်များနှင့် အထူးဆေးဝါးကုသမှု အထောက်အပံ့ရရှိသူများကို အက်တမ် (ATOM) နှင့် Trust Oo Co., Ltd တို့၏ Facebook စာမျက်နှာများတွင် ကြေငြာပေးသွားမည်ဖြစ်ပြီး Trust Oo ကုမ္ပဏီမှလည်း တိုက်ရိုက် ဆက်သွယ်အကြောင်းကြားပေးမည်ဖြစ်သည်။ ကမ်ပိန်းအကြောင်းအရာနှင့် ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို ပိုမိုသိရှိလိုပါက ယခုလင့်ခ်တွင်
www.atom.com.mm/my/about/telemedicine
ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။
အက်တမ် (ATOM) အကြောင်း
အက်တမ် (ATOM) သည် လူ့အသိုင်းအဝိုင်းကို ဦးစားပေးပြီး (People-First) ရည်ရွယ်ချက်၊ ရည်မှန်းချက်များအတိုင်း လုပ်ဆောင်မည့် မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးဝန်ဆောင်မှုပေးသည့် လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ နိုင်ငံ၏ အကောင်းဆုံး 4.5G VoLTE ကွန်ရက်ဖြင့် ကျွန်ုပ်တို့သည် လူနေမှုဘဝတိုးတက်စေရန်၊ စီးပွားရေးလုပ်ငန်းများကို တိုးတက်ကောင်းမွန်ရန်နှင့် လူမှုအသိုင်းအဝိုင်းများအကြား ချိတ်ဆက်မှု ပိုမိုအားကောင်းစေမည့် စျေးနှုန်းသက်သာသော၊ လုံခြုံပြီး ကမ္ဘာ့အဆင့်မီ ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများစွာကို ပေးဆောင်လျက်ရှိပါသည်။ အက်တမ် (ATOM) သည် စဉ်ဆက်မပြတ် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုနှင့် အားလုံးပါဝင်သည့် ဒစ်ဂျစ်တယ်အခြေပြု အသိုင်းအဝန်းတည်ဆောက်ဖော်ဆောင် သွားမည်ဟု ကတိပြုပါသည်။ မျှော်မှန်းချက်ဖြစ်သည့် မြန်မာပြည်သူများအတွက် ပိုမိုကောင်းမွန်ခြင်းထက် သာလွန်သော ဘဝအတွေ့အကြုံများရရှိခံစားနိုင်စေရန် ပိုမိုကောင်းမွန်သောချိတ်ဆက်မှုဖြင့် မြန်မာနိုင်ငံကို ပံ့ပိုးလုပ်ဆောင်ပေးရန် ဖြစ်ပါသည်။ အသေးစိတ်သိရှိလိုပါကw ww.atom.com.mmသို့ မဟုတ် Facebook နှင့် LinkedIn စာမျက်နှာများမှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်။
Trust Oo အကြောင်း
Trust Oo ကို ၂၀၁၅ ခုနှစ်အစောပိုင်းတွင် လူမှုအကျိုးပြုအဖွဲ့အစည်းအဖြစ် စတင်တည်ထောင်ခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မိုဘိုင်းဖုန်းမှတစ်ဆင့် ကျန်းမာရေးအသိပညာများမျှဝေနိုင်ရန်အတွက် M-health လုပ်ဆောင်ချက်များကို မတူကွဲပြားသော ပလက်ဖောင်းများစွာပေါ်မှတစ်ဆင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ Trust Oo ၏ လက်ရှိ မိုဘိုင်းဖုန်းကျန်းမာရေးဝန်ဆောင်မှု ပေးအပ်နေသည့် လမ်းကြောင်းများအနေဖြင့် (၂၄)နာရီ၊ (၇)ရက်ပတ်လုံး ဖုန်းခေါ်ဆိုနိုင်မှု၊ ဝက်ဘ်ဆိုဒ်၊ မိုဘိုင်း အက်ပလီကေးရှင်း၊ လူမှုကွန်ယက်ပလက်ဖောင်းများ၊ SMS စာတိုများနှင့် အခြားသော မီဒီယာပလက်ဖောင်းများမှတစ်ဆင့် ဝန်ဆောင်မှုများကို ပေးအပ်လျက်ရှိသည်။ အသေးစိတ်သိရှိလိုပါက https://trustooglobal.com သို့ ဝင်ရောက်လေ့လာနိုင်ပါသည်။
ATOM Encourages Customers to Dial 7887 for Free Medical Consultations and to Participate in its Telemedicine Campaign
● ATOM has initiated a campaign to raise awareness about its free telemedicine service offered to ATOM customers in partnership with Trust Oo Co., Ltd.
● The five-month campaign will offer prizes to ATOM customers who utilise the telemedicine service by calling 7887 for genuine medical consultations
● The monthly lucky draw prizes include health supplements, mobile phones, and family wellness kits. Two selected individuals will receive major medical treatment support.
ATOM, Myanmar's leading 4.5G VoLTE network provider, is proud to announce a campaign raising awareness about its free telemedicine service, offered in partnership with Trust Oo Co., Ltd. (Trust Oo). Launched in October 2022, this initiative provides unlimited 24/7 health consultations to all ATOM customers nationwide through the short code 7887. ATOM has to date invested over MMK 116 million to provide free medical consultations for over 130,000 individuals across Myanmar.
This initiative is part of ATOM's corporate social responsibility (CSR) pillar of Digitalisation of Education & Health, and is particularly beneficial for underserved communities, improving access to healthcare services. ATOM customers across Myanmar can simply dial '7887' from their ATOM numbers to be connected directly to healthcare services provided by Trust Oo.
The telemedicine service covers a wide range of medical consultations, including symptom-based consultation, reproductive health, lifestyle advice, non-judgmental counselling, daily health tips, and access to hospital and clinic directories. Doctor-patient confidentiality is strictly maintained, with medical records safeguarded by Trust Oo.
“Telemedicine is a powerful tool which encourages people to proactively seek medical advice, potentially preventing future complications and improving overall well-being. That's why we're proud to offer free 24/7 telemedicine services to ATOM customers as part of our CSR efforts under the banner of "ATOM WITH THE HEART." In partnership with Trust Oo, we're working towards bridging the healthcare gap and promoting nationwide health inclusion for the benefit of communities across Myanmar. We encourage all our customers to take advantage of this free service and participate in our meaningful campaign,” shared Mr. Muhammad Ziaullah Siddiqui, CEO of ATOM.
Telemedicine Campaign Details and Exciting Rewards
ATOM and Trust Oo will jointly conduct a five-month campaign from 1 May 2024 to 30 September 2024. During this period, ATOM customers can participate and win exciting prizes by utilising the free telemedicine service.
Monthly Lucky Draws
ATOM customers who call 7887 for a genuine medical consultation lasting at least one minute will be automatically entered into a monthly lucky draw. Trust Oo and ATOM will randomly select 11 winners per month (total of 55 winners across five months) who will receive prizes such as health supplements, mobile phones, and family wellness kits which come equipped with health monitoring tools such as an oximeter, blood pressure machine, thermometer, first-aid kit, and weight scale.
Major Medical Treatment Support
ATOM customers facing financial hurdles related to their health issues can register for major medical treatment support by calling 7887. This is a one-time prize awarded to two individuals at the end of the campaign period. To be eligible, customers must make a minimum of three calls to 7887 for a genuine medical consultation lasting at least one minute each, spread across different months during the campaign period.
The two recipients of the major medical treatment support will be carefully selected based on their demonstrated clinical need and financial hardship. Each recipient will be eligible for support of up to MMK 5 million (5,000,000 Kyats).
Said Dr. Swam Saung Oo, Founder and Managing Director of Trust Oo, “Over the past two years, Trust Oo and ATOM have built a strong partnership to provide free and accessible healthcare services to the people of Myanmar through our 7887 telemedicine service. Telemedicine ensures people in Myanmar, regardless of their geographical or economic barriers, have access to vital medical consultations. We encourage ATOM customers to seek medical advice readily and to participate in our campaign, which not only promotes health awareness, but also offers valuable support to those facing financial difficulties regarding medical treatments.”
“By promoting our free telemedicine service for ATOM customers through this campaign in collaboration with Trust Oo, we aim to not only raise awareness about accessible healthcare but also to encourage proactive engagement with medical professionals. Through initiatives like these, we continue to demonstrate our dedication to enhancing the well-being of our customers and communities across Myanmar,” highlighted U Thein Hoke, Chief Corporate Affairs Officer of ATOM.
The winners of the monthly lucky draws and major medical treatment support will be announced on ATOM and Trust Oo Co., Ltd.'s social media pages and will be contacted directly by Trust Oo. For more information about the campaign, please visit www.atom.com.mm/my/about/telemedicine
About ATOM
ATOM is a people-first and purpose-led Myanmar telecommunications service provider. Powered by the nation’s best 4.5G VoLTE network, ATOM offers a wide range of affordable, secure, and world-class digital products and services that improve lives, transform businesses, and strengthen communities. ATOM is dedicated to continuous technological innovation and digital inclusion. Our vision is to propel Myanmar with advanced connectivity for people across the country to experience life beyond better. For more information, visit www.atom.com.mm or connect with us on Facebook and LinkedIn.
About Trust Oo
Trust Oo was founded as a social enterprise in early 2015 and has been implementing M-health initiatives via a variety of platforms to systematically provide health education nationwide via mobile phones. Our current gateways of M-Health services are 24/7 Hotline, Web Portal, Mobile Application, Social Networking Sites, SMS and other Media Platforms. For more information, visit h ttps://trustooglobal.com
.
.
.
Comments
Post a Comment