ဒေါ်လာ ၁ ဒသမ ၂၅ သန်းတန် ငါး ၃ကောင် လက်ပတ်နာရီ
မတ် ၁ ရက်မှ ၃ ရက်အထိ ပြုလုပ်ခဲ့သည့် Anant Ambani နှင့် စေ့စပ်ထားသူ သတိုးသမီး Radhika Merchant တို၏ သုံးရက်တာ ခမ်းနားသော မင်္ဂလာပွဲအကြိုပွဲသို Facebook ၏ ပူးတွဲတည်ထောင်သူနှင့် Facebook ၏ မိခင်လုပ်ငန်း Meta စီအီးအို Mark Zuckerberg နှင့် ၎င်း၏ဇနီး Priscilla Chan တို တက်ရောက်ခဲ့ကြသည်။
သူတိုက သတို့သား အာနက် အမ်ဘာနီနှင့် ခေတ္တတွေ့ဆုံစဉ် သတိုးသား၏ လက်ကောက်ဝတ်မှ လက်ပတ်နာရီကို စိတ်ဝင်စားမိကြပြီး လက်ပတ်နာရီအကြောင်း အလ္လာပသလ္လာပ ပြောဆိုကြသည့် မှတ်တမ်း ဗီဒီယိုအတို အင်တာနက်မှာ ပျံ့နှံသွားခဲ့ပြီး ၎င်းလက်ပတ်နာရီကို လူသိများသွားခဲ့သည်။
"ကျွန်တော်က လက်ပတ်နာရီတွေကို တကယ့်ကို စိတ်မဝင်စားခဲ့ဘူး။ ဒါပေမယ့် ဒီဟာကို မြင်တွေ့ပြီးတဲ့နောက်မှာ လက်ပတ်နာရီတွေဟာ အတော်လေးကို စွဲမက်စရာကောင်းတယ်လို ကျွန်တော် တွေးမိပါတယ်" ဟု ဇပ်ကာဘတ်က မှတ်ချက်ပြုခဲ့သည်။
၎င်းလက်ပတ်နာရီသည် အာနက် အမ်ဘာနီအတွက် တသီးတသန့် ထုတ်လုပ်ပေးထားခြင်း ဖြစ်သည်။
ဆွဇ် စည်းစိမ်နာရီထုတ်လုပ်သူ Richard Mille က ဒီဇိုင်းထုတ်ခဲ့ပါသည်။ ၁၈ ကာရက်ရွှေနှင့် စိန်များ မျက်နှာပြင်နှင့် ဘေးဘက်တွင် အလှဆင်ထားသည်။
အထူးခြားဆုံးမှာ ဒိုင်ခွက်တွင် အလှမွေးငါး Koi သုံးကောင် ကူးခတ်နေကြပုံကို ရုပ်လုံးကြွအဖြစ် မြင်နေရခြင်း ဖြစ်သည်။
၎င်းလက်ပတ်နာရီ ဈေးနှုန်း အတိအကျကို ထုတ်ဖော်ပြောကြားခြင်း မပြုကြချေ။ နားလည်တတ်သိသူတို့က ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်း ဝန်းကျင် ရှိမည်ဟု ရာဖြတ်ပေးသည်။
၎င်းလက်ပတ်နာရီ၏ မူရင်းမူလမှာ Richard Mille လက်ပတ်နာရီ RM 010 မော်ဒယ်ဖြစ်သည်။
အော်တိုမစ်တစ် သံပတ်တင်းပေးသည့် အမျိုးအစားဖြစ်ပြီး လက်ပတ်နာရီကို မလှုပ်မယှဥ် ထားရှိပါက နာရီ ၅၀ ကြာသည်အထိ ဆက်လက်အလုပ်လုပ်ပေးနိုင်သည်။
မီတာ ၅၀ အနက်အထိ ရေလုံသည်။ တိုင်တေနီယမ်သားဖြင့် သွန်းလောင်းထားသည်။
အသက် ၂၈ နှစ်ရှိသူ အာနက် အမ်ဘာနီသည် ဘီလျံနာသူဌေးကြီး မူကက်ရှ် အမ်ဘာနီ၏ သား အငယ်ဆုံးဖြစ်ပါသည်။
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
Comments
Post a Comment