တရုတ်ဗဟိုဘဏ် ရွှေအများဆုံး ဝယ်ယူသည့် ဗဟိုဘဏ် ဖြစ်

 တရုတ်ဗဟိုဘဏ် People’s Bank of China (PBOC)သည် မတ်လတွင် အရန် ရန်ပုံငွေထဲသို့ ရွှေ ၁၆၀,၀၀ ထရွိုင်အောင်စကို ထပ်ဖြည့်ထည့်ခဲ့သည်။ 

PBOC သည် ရွှေအသားတင်ဝယ်ယူမှု ၇.၂၃ သန်း (၂၂၄.၉ မက်ထရစ်တန်)ဖြင့် ၂၀၂၃ ခုနှစ်တွင် ရွှေအများဆုံး ဝယ်ယူသည့် ဗဟိုဘဏ် ဖြစ်ပြီး PBOC အဖို့ ရွှေအများဆုံး ဝယ်ယူသည့်နှစ် ဖြစ်သည်။


တရုတ်ဗဟိုဘဏ်သည် လစဉ်လတိုင်း ရွှေဖြည့်တင်းနေသည်မှာ ၁၇ လ ဆက်တိုက် ရှိသွားပြီ ဖြစ်သည်။


 တရုတ်ဗဟိုဘဏ်သည် ဖေဖော်ဝါရီလကုန်တွင် ရွှေ အောင်စ ၇၂.၅၈ သန်း ရှိခဲ့ပြီး မတ်လကုန်တွင် အောင်စ ၇၂.၇၄ သန်း ရှိခဲ့သည်။ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၄၈.၆၃ ဘီလီယံမှ ကန်ဒေါ်လာ ၁၆၁.၀၇ ဘီလီယံသို့ ရောက်ရှိလာခဲ့သည်။


ဗဟိုဘဏ်များ ရွှေဖြည့်တင်းကြသည်မှာ ၂ နှစ် ရှိသွားပြီဖြစ်ပြီး ယခုနှစ် ၂၀၂၄ တွင်လည်း ဆက်လက် ဝယ်ယူဖြည်တင်းနေကြသည်။

တူရကီ၊ အိန္ဒိယ၊ ကာဇက်စတန်နှင့် ဥရောပ အရှေ့ပိုင်းနိုင်ငံအချို့မှ ဗဟိုဘဏ်တို့သည် ယခုနှစ်တွင် တရုတ်နိုင်ငံနည်းတူ ရွှေဝယ်ယူလျက်ရှိသည်ဟု ကမ္ဘာ့ရွှေကောင်စီ World Gold Council (WGC) မှ ပြောကြားသည်။ 

ကမ္ဘာ့ဗဟိုဘဏ်များသည် ၂၀၂၃ ခုနှစ်တွင် စုစုပေါင်း  ရွှေ ၁,၀၃၇.၄ တန် ဝယ်ယူခဲ့ကြသည်။


ကမ္ဘာ့ရွှေ ကာလပေါက်ဈေးသည် မတ်လတွင် ၉.၃ ရာခိုင်နှုန်း ခုန်တက်သွားခဲ့သည်။ 

၂၀၂၀ ပြည့်နှစ် ဇူလိုင်လ နောက်ပိုင်း ခုန်တက်သည့် ပမာဏ အများဆုံးအဖြစ် စံချိန်တင်သည်။

တက်ရိပ် ဆက်ရှိနေဆဲ ဖြစ်သည်။

ဧပြီ ၈ ရက်တွင် တအောင်စ ကန်ဒေါ်လာ ၂,၃၅၃.၇၉ အထိ မြင့်တက်ခဲ့သည်။

Source Reuters


Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်