Miniso ပြည်ပရောင်းအား တိုးမြှင့်

 ထင်ရှားသော တန်ဖိုးနည်း လက်လီအရောင်းဆိုင် တရုတ်ကုမ္ပဏီ Miniso သည် ယခုနှစ်တွင် နိုင်ငံရပ်ခြား စတိုးဆိုင်ပေါင်း ၆၀၀ ခန့် ဖွင့်လှစ်ရန် စီစဉ်နေသည်။

တရုတ်ပြည်တွင်းဈေးကွက်တွင် စားသုံးသူများ ဝယ်လိုအား အားနည်းနေသည့်အတွက် ပြည်ပတွင် လျင်မြန်စွာ တိုးချဲ့နိုင်‌ရန် အာရုံစိုက်ထားသည်။

ဘဏ္ဍာရေးအရာရှိချုပ် Eason Zhang က Miniso သည် တရုတ်နိုင်ငံတွင်လည်း စတိုးဆိုင်ပေါင်း ၄၀၀ ခန့် ထပ်တိုးဖွင့်လှစ်ရန် စီစဉ်နေကြောင်း ပြောကြားသည်။ 

ယခုနှစ်တွင် ပြည်ပမှာ ထပ်တိုးမည့် ဆိုင်အရေအတွက်သည် ပြည်တွင်းထက်ပိုများမည် ဖြစ်သည်။

၂၀၂၃ နှစ်ကုန်တွင် Miniso လက်လီအရောင်းဆိုင်များ တရုတ်ပြည်ရှိ မြို့ကြီးများတွင် ဆိုင်ပေါင်း ၄,၀၀၀ ခန့် ဖွင့်လှစ်ထားပြီး ပြည်ပတွင် ဆိုင်ပေါင်း ၂,၅၀၀ နီးပါး ဖွင့်လှစ်ထားသည်။ ပြည်ပမှ ဆိုင်အများစုမှာ လုပ်ငန်းလုပ်ပိုင်ခွင့် ပေးထားသည့် franchise ဆိုင်များဖြစ်သည်။

Miniso သည် နာမည်ကြီး အမှတ်တံဆိပ် မဟုတ်သော အလွန်ဈေးသက်သာသည့် ပစ္စည်းများကို အဓိကထား ရောင်းချသည်။ ပြည်တွင်းဈေးကွက်ထက် နိုင်ငံတကာကို အလေးပေးသည်။

Miniso သည် လာမည့် နှစ်နှစ်မှ သုံးနှစ်အတွင်း ၎င်း၏ ရောင်းအား ထက်ဝက်ကျော်အထိ ပြည်ပဈေးကွက်များမှ ရရှိရန် မျှော်မှန်းထားသည်။ လက်ရှိတွင် ၃၅%ခန့် ရရှိသည်ဟု Zhang က ပြောကြားသည်။

Miniso သည် အွန်လိုင်း အီးကောမတ်စ်ထက် မြေပြင်မှာ ဆိုင်ဖွင့်ခြင်းကို ပိုအားထားသည်။ အွန်လိုင်းရောင်းအား ၁၀% ကျော်သာ ရှိသည်။

Source ft.com

#IndustriesGuide 

Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်