အမှတ်တံဆိပ် တည်ဆောက်ရန် နယ်လ်ဆင် ပြောကြား
ကမ္ဘာ့စီးပွားရေး စိန်ခေါ်မှုများ ရင်ဆိုင်နေရသည့်ကြားမှာ အာရှ-ပစိဖိတ်မှ မားကတ်တင်းသမားများသည် အမှတ်တံဆိပ် တည်ဆောက်ရေးအတွက် အသုံးစရိတ်ကို လျှော့ချပြီး အဓိကအားဖြင့် ဆိုရှယ်မီဒီယာတွင် ထုတ်ကုန်မြှင့်တင်ရေးအတွင် တိုးမြှင့်သုံးစွဲရန် စီစဉ်နေကြောင်း 2024 Nielsen Global Annual Marketer Survey မှာ ဖော်ပြထားသည်။
အာရှ-ပစိဖိတ်ဒေသရှိ မားကတ်တင်းသမားများသည် ကြော်ငြာအသုံးစရိတ်ကို အခြားဒေသများမှ မားကတ်တင်းသမားများထက် ပိုမိုတိုးမြှင့်ရန် စီစဉ်လျက်ရှိသည်ဟု Neilsen မှ Runchita Sirvoravilai က ပြောကြားသည်။
စစ်တမ်းဖြေဆိုသူများတွင် ထိပ်တန်းဦးစားပေးမှာ အမှတ်တံဆိပ် သတိမူမိခြင်းဟု ဖြေဆိုသူ ၃၁%၊ ဝင်ငွေ ကြီးထွားရေးဟု ဖြေဆိုသူ ၂၆%၊ မိတ်ဟောင်းများ ထိန်းထားနိုင်ရေးဟု ဖြေဆိုသူ ၁၉%၊ မိတ်သစ်များ ရရှိရေးဟု ဖြေဆိုသူ ၁၄% ရှိသည်။
အာရှ-ပစိဖိတ်ဒေသရှိ မားကတ်တင်းသမားများတွင် စစ်တမ်းဖြေဆိုသူ ၈၀% က အမှတ်တံဆိပ် သတိမူမိရန်အတွက်ထက် အရောင်းမြှင့်တင်ရေးအတွက် အသုံးစရိတ် ပိုမိုသုံးစွဲရန် အစီအစဉ် ရှိသည်။
ဖြေဆိုသူများတွင် ၇၉% သည် အသုံးစရိတ် သုံးစွဲမှုအများစုမှာ အင်တာနက်နှင့် အက်ပ်များမှတစ်ဆင့် လက်လီအရောင်း မီဒီယာကွန်ရက် ကြီးထွားလာနေသည့် ဆိုရှယ်မီဒီယာများတွင် ဖြစ်သည်ဟု ဖြေဆိုကြသည်။
အာရှသူအာရှသားများ အွန်လိုင်းတွင် ဈေးဝယ်ခြင်း ပိုများလာသည့်အတွက်ကြောင့် ဝဘ်ဆိုက်များနှင့် အက်ပ်များပေါ်တွင် အသုံးပြုသူ ပိုမိုများပြားလာကြောင်း Ms Runchita က ပြောကြားသည်။
စူပါအက်ပ်များသည် အထူးသဖြင့် GrabAds၊ Foodpanda၊ Robinhood နှင့် Line တို့သည် ကြော်ငြာအခင်းအကျင်းအတွက် ပိုမိုအရေးပါလာသည်။
အမှတ်တံဆိပ် တည်ဆောက်ခြင်းနှင့် အသိပညာပေးခြင်းသည် စားသုံးသူများ၏ သဘောထားအမြင်များကို လွှမ်းမိုးနိုင်ပြီး ကျယ်ပြန့်သောလက်လှမ်းမီမှုကို ရရှိစေသည့်အပြင် အနာဂတ်တွင် ရောင်းအားတက်ရန်အတွက် ရေရှည်တည်တံ့သော တွန်းအားတရပ်ကို ရရှိစေသည်ဟု Ms Runchita က ပြောကြားသည်။
အမှတ်တံဆိပ် တည်ဆောက်ခြင်းသည် ရေရှည် ရောင်းအားကို အကျိုးပြုသည့်အပြင် မိတ်သစ် ရရှိရေးအတွက် အသုဲးစရိတ်များကို သက်သာစေသည်ဟု နဲလ်ဆင်က ဆိုသည်။
Source AFP
#AdvertisingIndustryGuide
Comments
Post a Comment