ဆိုနီ Reon Pocket 5 အပူအအေးပေးစက်
Sony သည် အင်္ကျီနောက်ဘက်ထဲတွင် ထားနိုင်သည့် Reon Pocket 5 အပူအအေးပေးစက်ကို $170 ဝန်းကျင်ဖြင့် ဧပြီ လကုန်ပိုင်းတွင် စတင်ရောင်းချသည်။
စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်တို့တွင် ၂၀၂၄ မေလမှာ စတင်ရောင်းချမည်။
Reon Pocket စီးရီးသည် ၂၀၁၉ ခုနှစ်တွင် ဂျပန်နိုင်ငံ၌ ပွဲဦးထွက်ခဲ့ပြီး နောက်ပိုင်းဗားရှင်းများသည် ဟောင်ကောင်အပါအဝင် အာရှဈေးကွက်များတွင် အောင်မြင်မှု ရရှိခဲ့သည်။
Reon တွင် အပူချိန်၊ စိုထိုင်းဆနှင့် ကိုယ်ခန္ဓာရွေ့လျားမှုတို့ကို အာရုံခံကိရိယာများဖြင့် သိရှိပြီး အသုံးပြုသူအတွက် အဆီလျော်ဆုံးဖြစ်သည့် အအေးရေချိန်ဖြင့် အအေးပေးသည်။
အအေးပေးသည့်ရေချိန် အဆင့် ငါးဆင့်၊ အပူပေးသည့်ရေချိန် အဆင့် လေးဆင့် ပါသည်။
တွဲဖက်အသုံးပြုရန် Reon Pocket Tag ပါသည်။ ၎င်းTag သည် အဝေးအာရုံခံကိရိယာအဖြစ်ဖြင့် ပတ်ဝန်းကျင်အခြေအနေများကို သိရှိပြီး ပင်မကိရိယာထံ သတင်းပေးပို့သည်။
Reon Pocket 5 ကို Reon Pocket App အသုံးပြုပြီး စမတ်ဖုန်းဖြင့် Bluetooth ချိတ်ဆက်ထားပြီး ညွှန်ကြားချက်များ ပေးနိုင်သည်။
ဘက်ထရီသည် Reon Pocket 5 ကို ၁၇ နာရီအထိ ဆက်တိုက်သုံးနိုင်သည်။
Source ndtv
Comments
Post a Comment