ကမ္ဘာသိုင်းရွိုက်ရောဂါနေ့ အထိမ်းအမှတ် သိုင်းရွိုက်အကျိတ်ရောဂါအကြောင်း ဟောပြောပွဲကို MPT ၏ လိုတရဝက်ဘ်ပေါ်တယ်တွင် ဝင်ရောက်ကြည့်ရှုနိုင်
မြန်မာနိုင်ငံ၏ ပြည်တွင်း ဆက်သွယ်ရေးအော်ပရေတာ ဖြစ်သည့် MPT သည် “အတူလက်တွဲ အမြဲရှိမည် MPT”ဟူသည့် ကတိကဝတ်နှင့်အညီ နိုင်ငံတစ်ဝန်းရှိ ပြည်သူများ ကျန်းမာရေးဗဟုသုတ ပိုမိုရရှိစေရေးအတွက် အခမဲ့ကျန်းမာရေးပညာရေးရုပ်သံ အစီအစဉ်ကိုဆောင်ရွက်နေကာ ယခုလည်း ကမ္ဘာ့သိုင်းရွိုက်ရောဂါနေ့အထိ မ်းအမှတ် အဖြစ် နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့်လည်ပင်း ခွဲစိတ်ပါရဂူ ဆရာဝန်ကြီး ဒေါက်တာအောင်ထက်ထွန်း ၏ "သိုင်းရွိုက်အကျိတ်ရောဂါအကြော င်း သိကောင်းစရာ” ကျန်းမာရေး ဗဟုသုတ ဟောပြောပွဲကို မေလ ၂၂ ရက်က အာယုအင်တာနေရှင်နယ်ဆေးရုံကြီး၌ ကျင်းပခဲ့ပါသည်။
အဆိုပါ ဟောပြောပွဲတွင် သိုင်းရွိုက်အကျိတ်အမျိုးအစား၊ ရောဂါရှာဖွေသည့်နည်းလမ်းတို့အပြ င် သိုင်းရွိုက်အကျိတ် နှင့် ပတ်သက်ပြီး ကုသပုံနည်းလမ်းအဆင့်ဆင့်ကို နိုင်ငံတကာတွင်ကျင့်သုံးနေသည့် နည်းစနစ်များနှင့် မည်သို့ စမ်းသပ် စစ်ဆေးကုသဆောင်ရွက်သည်ကို အသေးစိတ် ရှင်းလင်း ပြောကြားပေးခဲ့ပါသည်။ ထို့အပြင် သိုင်းရွိုက် အကျိတ်ရောဂါဖြစ်စဥ်များ နှင့် ပတ်သက်ပြီး အခမ်းအနားတက်ရောက်လာသူများ၏ မေးခွန်းများကိုလည်း ဒေါက်တာအောင်ထက်ထွန်းက ပြန်လည်ဖြေကြားပေးခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲ ရုပ်သံဗွီဒီယိုအား အများပြည်သူသို့ MPT၏ လူမှုကွန်ရက်စာမျက်နှာနှင့် MPT4U မှတစ်ဆင့် အခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်သည့် လိုတရဝက်ဘ်ပေါ်တယ်တို့တွင် ဖော်ပြထားပြီးဖြစ်ပါသည်။ ဝင်ရောက် ကြည့်ရှုနိုင်သည့်လင့်ခ်များမှာ -
MPT၏ လူမှုကွန်ရက်စာမျက်နှာလင့်ခ်
ကျန်းမာရေးပညာပေးရုပ်သံများကိုကြည့်ရှုနိုင်သည့် လိုတရဝက်ဘ်ပေါ်တယ်လင့်ခ်
ထို့အပြင် ကျန်းမာရေးဗဟုသုတ လိုလားသူများအနေဖြင့် မြန်မာနိုင်ငံတွင် အဖြစ်များသော ကျန်းမာရေး ပြဿနာများဖြစ်သည့် သွေးလွန်တုပ်ကွေး၊ ရင်သားကင်ဆာအကြောင်း သိကောင်းဖွယ်ရာများ၊ ဆီးချိုသွေးချိုရောဂါအကြောင်း သိကောင်းစရာများ၊ ကွမ်းစားခြင်းနှင့် ကျန်းမာရေးနှင့် အသည်းရောင်အသားဝါ ရောဂါအကြောင်း သိကောင်းစရာများစသည့် ကျန်းမာရေးဆိုင်ရာ သိသင့်သိထိုက်သည်များကို လိုတရဝက်ဘ်ပေါ်တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ထပ်မံသတင်းကောင်း ပါးအပ်ပါသည်။
MPT အနေဖြင့် ပညာရေးနှင့် ကျန်းမာရေးနယ်ပယ်တွင် ရင်းနှီးမြှုပ်နှံခြင်းသည် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးကြောင်း ခိုင်မာစွာ ယုံကြည်ထားသည်နှင့်အညီ ကျန်းမာရေးစောင့်ရှောက်မှု နယ်ပယ်တွင် နာမည်ရှိထားသည့် အာယုအင်တာနေရှင်နယ် ဆေးရုံကြီး၊ ပန်းလှိုင်ဆေးရုံကြီးတို့နှင့် ပူးပေါင်း၍ ကျန်းမာရေးပညာရေး ဗွီဒီယိုများကို MPT ၏ တရားဝင် မီဒီယာများဖြစ်သည့် MPT4U၊ လိုတရဝက်ဘ်ပေါ်တယ် နှင့် ဆိုရှယ်မီဒီယာတို့အပြင် မိတ်ဖက်အဖွဲ့အစည်းများ၏ ဆိုရှယ်မီဒီယာ စာမျက်နှာများတွင် ၂၀၂၃ ခုနှစ် စက်တင်ဘာလမှ စတင်၍ ဖော်ပြပေးလျက်ရှိပါသည်။
MPT အနေဖြင့် နိုင်ငံတစ်ဝန်းရှိ သုံးစွဲသူများ၏ ထောက်ခံအားပေးမှုနှင့် ယုံကြည်မှုအတွက် ကျေးဇူးအထူးတင်ရှိပြီး မတူညီသော ကဏ္ဍများအတွက် ပံ့ပိုးကူညီပေးမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါ သည်။
MPT ၏ လူမှုအသိုက်အဝန်းအတွင်း တာဝန်သိလူမှုအကျိုးပြုလုပ်ငန်း များနှင့် ပတ်သက်သည့် အချက်လက်များကို တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm ၌ ကြည့်ရှုနိုင်ပြီး MPT ၏ထုတ်ကုန်နှင့် ဝန်ဆောင်မှုများနှင့် ပတ်သက်ပြီး သိရှိလိုပါက 106 call center နှင့် တိုက်ရိုက်တုံ့ပြန်ဖြေကြားပေး သည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအကြောင်း
MPT သည် မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင် ဆက်သွယ်ရေး အော်ပရေတာဖြစ်ပြီး၊ နှစ်ပေါင်း ၁၃၀ ကျော် ကြာအောင် ဆက်သွယ်ရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုတွင် ဦးဆောင်လာခဲ့သူဖြစ်ပါသည်။ ကြိုးဖုန်းနှင့် မိုဘိုင်းလ် ဆက်သွယ်ရေး ဝန်ဆောင်မှုများအား ပြည်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များထံ ဆောင်ရွက်ပေးလျက်ရှိပြီး တစ်နိုင်ငံလုံးသို့ လွှမ်းခြုံထားသည့် အကြီးမားဆုံး 3G ကွန်ရက်ကို ပိုင်ဆိုင်ထားကာ မြန်မာနိုင်ငံ၏ အမြန်ဆုံးနှင့် အဆင့်အမြင့်ဆုံး MIMO 4X4 နည်းပညာ အသုံးပြုထားသော 4G/ LTE+ ကွန်ရက်ကိုလည်း ပိုင်ဆိုင်ထားပါသည်။
၂၀၁၄ ဇူလိုင်လတွင် MPT သည် KDDI Summit Global Myanmar (KSGM) နှင့် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် အား လက်မှတ်ရေးထိုးခဲ့ပါသည်။ KSGM သည် ဂျပန်ပူးပေါင်းဆောင်ရွက်သူများဖြစ်ကြသည့် KDDI Corporation (KDDI) နှင့် Sumitomo Corporation (Sumitomo) တို့မှ ပိုင်ဆိုင်ထားခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်း ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအား အရှိန်မြှင့်တင်နိုင်ရန်အတွက် MPT အနေဖြင့် KDDI နှင့် Sumitomo တို့ ပူးပေါင်းပြီး ဆယ်နှစ်အတွင်း ဒေါ်လာ ၂ ဘီလျံ ရင်းနှီးမြှုပ်နှံကြရန် ရည်ရွယ်ခဲ့ကြပါသည်။ အဆိုပါဆောင်ရွက်ချက်မှာ မြန်မာနိုင်ငံသမိုင်းတွင် ဂျပန်နိုင်ငံ၏ အကြီးမားဆုံးသော ရင်းနှီးမြှုပ်နှံမှုများထဲမှ တစ်ခု ဖြစ်ခဲ့ပါသည်။
MPT အနေဖြင့် ဝန်ထမ်းပေါင်း ၈ ထောင်ကျော်နှင့်အတူ KSGM နှင့် ပူးပေါင်းပြီး ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအား စဉ်ဆက်မပြတ် အားစိုက်ဆောင်ရွက်နေကာ တာဝန်သိမှုလူမှုအကျိုးပြုလုပ်ငန်း (Corporate Social responsibility) ဆိုင်ရာ တန်ဖိုးများအား လေးစားလိုက်နာလျက် မြန်မာနိုင်ငံအား ရှေ့သို့လှမ်းနိုင်စေ ရန် ဆောင်ရွက်လျက်ရှိပါသည်။ MPT အနေဖြင့် လက်ရှိတွင် သုံးစွဲသူ ၂၀ သန်းကျော်ကို ဝန်ဆောင်မှုပေးလျက်ရှိပါသည်။
အခြားသောအချက်အလက်များနှင့် ပိုမိုတိကျသည့် စည်းမျဉ်းစည်းကမ်းများအတွက် www.mpt.com.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ (သို့မဟုတ်) ၁၀၆ သို့ ခေါ်ဆို၍ စုံစမ်းမေးမြန်းနိုင်ပါသည်။ မြန်မာနိုင်ငံအတွင်းရှိ လူငယ်ဖွံ့ဖြိုးတိုး တက်ရေး အစီအစဉ်များနှင့်ပတ်သက်၍ MPT ၏ လှုပ်ရှားမှုများအား ပိုမိုသိရှိလိုပါက http://mptcsr.foc.lotayamm.com/mptyouth သို့ သွားရောက်ပြီး သတင်းအချက်အလက်များ စုံလင်စွာပါရှိသည့် ကော်ပိုရိတ်ဗွီဒီယိုအား အခမဲ့ကြည့်ရှုနိုင်ပါသည်။
Comments
Post a Comment