ဆေးဝါးကုမ္ပဏီကြီး AstraZeneca ကိုဗစ်ကာကွယ်ရေး ထိုးဆေး ပြန်ရုပ်သိမ်း
ဆေးဝါးကုမ္ပဏီကြီး AstraZeneca ၏ COVID-19 ကာကွယ်ဆေးသည် TSS ဟုခေါ်သော ရှားရှားပါးပါး ဖြစ်ခဲလွန်းသော်လည်း အန္တရာယ်ရှိသော ဘေးထွက်ဆိုးကျိုးကို ဖြစ်စေနိုင်ကြောင်း ကုမ္ပဏီမှ ပထမဆုံးအကြိမ် ဝန်ခံပြီးနောက် ကမ္ဘာတစ်ဝှမ်းမှ ပြန်ရုပ်သိမ်းလိုက်ပါသည်။ ၎င်းကာကွယ်ဆေးကို ထုတ်လုပ်ခြင်း၊ ပေးသွင်းခြင်း မပြုတော့ပါ။
TSS Thrombosis with Thrombocytopenia Syndrome သည် သွေးခဲခြင်းနှင့် သွေးဥ အရေအတွက် နည်းခြင်းတို့ ဖြစ်စေနိုင်သည်။
“ချစ်ခင်ရသူတွေကို ဆုံးရှုံးခဲ့ရသူတိုင်း၊ ကျန်းမာရေးပြဿနာတွေ ဖြစ်ပွားတဲ့သူတိုင်းကို ကျွန်ုပ်တို့ ကိုယ်ချင်းစာပါတယ်" ဟု AstraZeneca မှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားပါသည်။
Source AFP
#HealthIndustryG
uide
Comments
Post a Comment