ဂျပန်တွင် ကန်ဒေါ်လာ ၂ ဘီလီယံနီးပါး တန်ဖိုးရှိ ကိုဗစ်သောက်ဆေးများ ဖျက်ဆီးပစ်မည်
ဂျပန်အစိုးရသည် ကန်ဒေါ်လာ ၂ ဘီလီယံနီးပါး တန်ဖိုးရှိသည့် COVID-19 သောက်ဆေးများကို ဖျက်ဆီးပစ်မည် ဖြစ်သည်။
ကိုရိုနာဗိုင်းရပ်ကူးစက်ပျံ့နှံ့မှုအတွင်း လူဦးရေ ၅.၆ သန်းအတွက် ဝယ်ယူထားသော COVID-19 သောက်ဆေးများတွင် လူဦးရေ ၄.၃ သန်းအတွက် ၇၇ ရာခိုင်နှုန်း လက်ကျန် ကျန်ရှိနေသည်။
ကိုဗစ်ကို ရာသီတုပ်ကွေးအဖြစ် ယမန်နှစ် မေလမှစ၍ သတ်မှတ်လိုက်ပြီ ဖြစ်သဖြင့် ၎င်းသောက်ဆေးများ အသုံးမလိုတော့ချေ။ ၎င်းဆေးဝါးများ သက်တမ်းကုန်ဆုံးသည့်အခါ ဖျက်ဆီးပစ်ရမည် ဖြစ်ပြီး တန်ဖိုးစုစုပေါင်းမှာ ယန်း ၃၀၀ ဘီလီယံ (ကန်ဒေါ်လာ ၁.၉၃ ဘီလီယံ) ရှိသည်။
• Shionogi & Co မှ ထုတ်လုပ်သည့် Xocova ဆေးပြား
• Merck & Co မှ ထုတ်လုပ်သော Lagevrio ဆေးတောင့်များ
• Pfizer Inc. မှ ထုတ်လုပ်သော Paxlovid ဆေးလုံးများ
ပါဝင်သည်။
ဂျပန်အစိုးရသည်
• Xocova ကို လူနာ ၂ သန်းအတွက်လည်းကောင်း
• Lagevrio ကို လူနာ ၁.၆ သန်းအတွက်လည်းကောင်း
• Paxlovid ကို လူနာ ၂ သန်းအတွက်လည်းကောင်း
ဝယ်ယူခဲ့သည်။
မတ်လကုန် လက်ကျန်စာရင်းမှာ
• Xocova လူနာ ၁.၇၇ သန်းအတွက် လည်းကောင်း
• Lagevrio လူနာ ၇၈၀,၀၀၀ အတွက်လည်းကောင်း
• Paxlovid လူနာ ၁.၇၅ သန်းအတွက်လည်းကောင်း
ကျန်ရှိသည်။
လူနာတဦးအတွက် ကုန်ကျစရိတ်မှာ
• Xocova ယန်း ၅၂,၀၀၀
• Lagevrio ယန်း ၉၄,၀၀၀
• Paxlovid ယန်း ၉၉,၀၀၀
ဖြစ်ပါသည်။
ဂျပန်နိုင်ငံတွင် ယန်း ၆၆၅.၃ ဘီလီယံဖိုးရှိ COVID-19 ကာကွယ်ရေး ထိုးဆေး သန်း ၂၄၀ ကို ဖျ
က်ဆီးခဲ့သည်။
source kyodonews
Comments
Post a Comment