ထိုင်း THG မြန်မာတွင် ဒုတိယမြောက် ဆေးရုံဆောက်မည်
ထိုင်းနိုင်ငံမှ ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းစု Thonburi Healthcare Group Plc (THG) သည် မြန်မာနိုင်ငံတွင် ဆေးရုံအသစ်တခု ထားရှိရန် စီစဉ်နေသည်။
ဘတ်နှင့်ကျပ် ငွေလဲနှုန်းတွင် ဘတ်ငွေ တန်ဖိုး သိသိသာသာ မြင့်တက်လာခြင်းကြောင့် လူနာအများအပြား ထိုင်းနိုင်ငံသို့ သွားရောက်၍ ဆေးကုသမှုခံယူခြင်း မပြုတော့ဘဲ ရန်ကုန်မှာသာ ကုသကြသဖြင့် ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ကုသမှု ခံယူသည့် လူနာ အရေအတွက် ပိုများလာနေသည်ကို ဖြည့်ဆည်းရန် ဆေးရုံ ကုတင်အရေအတွက် တိုးမြှင့်လိုသည်ဟု အမှုဆောင်အရာရှိချုပ် ဒေါက်တာ Tanatip Suppradit က ပြောသည်။
THG သည် ရန်ကုန်မြို့ရှိ ၎င်း၏ ၉၇ ကုတင်ဆံ့ အာယု အပြည်ပြည်ဆိုင်ရာ ဆေးရုံတွင် ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုများ လိုအပ်ချက် တိုးလာခြင်းကြောင့် လူနာ ပိုများများ ဆေးရုံတက်နိုင်ရေးအတွက် တိုးချဲ့ရန် စီစဉ်နေပြီး ဆေးရုံအသစ်တခု ထားရှိမည် ဖြစ်သည်။
"မန္တလေးမှာ ဆေးရုံသစ်တည်ဆောက်ဖို့ ဖြစ်နိုင်ခြေ လေ့လာမှုတွေ လုပ်နေပါတယ်"ဟု Dr Tanatip က ပြောကြားသည်။
Source Bangkokpost
#HealthIndustryGuide
Comments
Post a Comment