ကလေးသုံး နာရီနှင့် ဆွဲကြိုး အဆိပ်သင့်သတ္တုများ ပါဝင်
တရုတ် အီးကောမတ်စ် ကုမ္ပဏီကြီး AliExpress နှင့် Shein တို့သည် ခွင့်ပြုထားသည့်ပမာဏထက် ကျော်လွန်နေသည့် အဆိပ်သင့်သတ္တုများ ပါဝင်သည့် ကလေးအသုံးအဆောင်ပစ္စည်းများကို ရောင်းချကြောင်း ဆိုးလ်မြို့တော်အစိုးရက မေ ၂၃ ရက်တွင် ကြေညာခဲ့သည်။
AliExpress နှင့် Shein တွင် ရောင်းချသည့် ကလေးသုံးပစ္စည်း ၇ မျိုးကို Korea Conformity Laboratories မှ ဓာတ်ခွဲစစ်ဆေးမှုအရ Shein မှာ ရောင်းသည့် ကလေးလက်ပတ်နာရီတွင် ခဲပါဝင်မှုသည် ခွင့်ပြုချက်ထက် ၂၇၈ ဆ၊ ခရီုမီယမ် ပါဝင်မှုသည် ခွင့်ပြုချက်ထက် ၃ ဒသမ ၄ ဆ ပိုများနေသည်။
AliExpress မှ ကလေးလည်ဆွဲတွင် ခဲပါဝင်မှုသည် ခွင့်ပြုချက်ထက် ၁ ဒသမ ၂ ဆ ပိုများသည်။
ခဲဓာတ်ပါဝင်မှု မြင့်မားခြင်းသည် မျိုးပွားမှုစနစ်ကို နှောင့်ယှက်နိုင်ပြီး ကင်ဆာအန္တရာယ်ကို တိုးလာစေနိုင်သည်။ Chromium သည် အရေပြားဆိုင်ရာ အဆိပ်အတောက်များနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ယားယံခြင်းတို့ ဖြစ်ပွားစေပါသည်။
Source straitstimes
#HealthIndustryGuide
Comments
Post a Comment