ဆေးခြောက်ကို ၂၀၂၄ နှစ်ကုန်တွင် မူးယစ်ဆေးဝါးအဖြစ် စာရင်းသွင်းမည်ဟု ထိုင်းဝန်ကြီးချုပ် ပြောကြား
ထိုင်းနိုင်ငံသည် ၂၀၂၂ ခုနှစ်တွင် ဆေးခြောက်ကို ပြစ်မှုမမြောက် တရားဝင်ခွင့်ပြုသည့် အာရှပထမဆုံးနိုင်ငံ ဖြစ်လာခဲ့သည်။ ဆေးဘက်ဆိုင်ရာ အသုံးပြုခြင်းအတွက် ရည်ရွယ်သော်လည်း ဥပဒေ ပြည့်ပြည့်စုံစုံ မရှိသဖြင့် အပန်းဖြေရန် သုံးစွဲခြင်း တဟုန်ထိုး များပြားသွားသည်။
ဆေးခြောက် ရနိုင်သည့် ပြည်တွင်းလက်လီဈေးကွက် အရှိန်အဟုန်ဖြင့် ကြီးထွားလာခဲ့ရာ လွန်ခဲ့သည့် ၂ နှစ်အတွင်း ထောင်နှင့်ချီသော ဆိုင်များနှင့် စီးပွားရေးလုပ်ငန်းများ ပေါ်ပေါက်လာခဲ့သည်။
ဆေးခြောက်လုပ်ငန်းကဏ္ဍသည် ၂၀၂၅ တွင်တန်ဖိုး ကန်ဒေါ်လာ ၁.၂ ဘီလီယံ ရှိမည်ဟု ခန့်မှန်းထားသည်။
၀န်ကြီးချုပ် ဆာရက်သာ သာဝီဆင်က ဆေးခြောက်ကို ၂၀၂၄ နှစ်ကုန်တွင် မူးယစ်ဆေးဝါးအဖြစ် စာရင်းသွင်းမည်ဟု ပြောကြားသည်။
ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ဆေးဘက်ဆိုင်ရာနှင့် ကျန်းမာရေးအတွက်သာ သုံးစွဲရန် ခွင့်ပြုသည့် စည်းမျဉ်း ထုတ်ပြန်စေလိုကြောင်း ၎င်းက ပြောကြားသည်။
စည်းမျဉ်းများကို ပြောင်းပြန်လှန်လိုက်ခြင်းသည် စီးပွားရေးအတွက် ဆိုးရွားသည့် လုပ်ဆောင်ချက်ဖြစ်ပြီး အသေးစားစီးပွားရေးလုပ်ငန်းနှင့် စားသုံးသူများအတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခုဖြစ်သည်ဟု Cannabis Future Network ၏ အထွေထွေအတွင်းရေးမှူး Prasitchai Nunual က ပြောကြားသည်။
Source Bangkokpost
#HealthIndustryGuide
Comments
Post a Comment